ထွက်​မြောက် 35:32-35 BJB

32 ကျောက်ကိုသွေး၍စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊

33 ဥာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးကိုပေး၍၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေတော်မူပြီ။

34 သူနှင့် ဒန်အမျိုးသားအဟိသမက်၏သားအဟောလျဘသည်၊ သူတပါးအား အတတ်သင်ပေးနိုင်မည်အကြောင်း၊ ဥာဏ်ကိုပေးတော်မူပြီ။

35 ထိုသူတို့သည် ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏အလုပ်၊ ရက်တတ်သောသူ၏အလုပ်၊ အနည်းနည်း လုပ်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှတို့ကို လုပ်တတ်မည်အကြောင်း၊ ဥာဏ်ပညာနှင့် ပြည့်စုံတော်မူပြီ။