ထွက်​မြောက် 35:4-10 BJB

4 တဖန်မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုသည်ကား၊

5 သင်တို့တွင် ထာဝရဘုရားအား လှူသောအလှူကိုပြင်ဆင်ကြလော့။ ကြည်ညိုသောစေတနာစိတ်ရှိသမျှသောသူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

6 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊

7 အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊

8 လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

9 ရှဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရားအားလှူသောအလှူကို ဆောင်ခဲ့ကြလော့။

10 သင်တို့တွင် လိမ္မာသောသူရှိသမျှတို့သည်လာ၍၊