ထွက်​မြောက် 36:17-23 BJB

17 ကုလားကာများဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ ကွင်းငါးဆယ်ကို၎င်း၊ ဆက်မှီသောအခြားကုလားကာအနားမှာ ကွင်းငါးဆယ်ကို၎င်း လုပ်လေ၏။

18 ကြေးဝါချောင်းငါးဆယ်ကိုလည်းလုပ်၍ အပေါ်တဲတပိုင်းနှင့် တပိုင်းကို ပူးတွဲသဖြင့်၊ တဲတဆောင်တည်းဖြစ်လေ၏။

19 အပေါ်တဲဖုံးအုပ်ဘို့ အနီဆိုးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်လေ၏။

20 တဲတော်ကာရန်ထောင်ထားသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်လေ၏။

21 ပျဉ်ပြားသည်အလျားဆယ်တောင်၊ အနံတတောင်ထွာရှိ၏။

22 ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်လေ၏။

23 တဲတော်တောင်ဘက်၌ကာရန် ပျဉ်ပြားနှစ်ဆယ်ကိုလုပ်၍၊