30 ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီရှိလေ၏။
31 တဲတော်၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင် တို့ကို၊ တဘက်ငါးချောင်းစီလုပ်လေ၏။
32 တဲတော်နောက်ဖေး၌ ကာရသောပျဉ်ပြားကိုလျှိုစရာဘို့၊ ကန့်လန့်ကျင် ငါးချောင်းကိုလည်းလုပ်လေ၏။
33 အလယ်ကန့်လန့်ကျင်ကို ထောင့်တဘက်တချက်၌ဆုံးစေ၏။
34 ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံလေ၏။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်းလုပ်၍ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံလေ၏။
35 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့်၊ ချယ်လှယ်သောကုလားကာတထည်ကို၎င်း၊
36 ထိုကုလားကာဘို့ ရွှေချသောအကာရှသားတိုင်လေးတိုင်ကို၎င်း လုပ်လေ၏။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်ပြည့်စုံ၍၊ ငွေခြေစွပ်လေးခုကိုလည်း သွန်းလေ၏။