ထွက်​မြောက် 37:18-24 BJB

18 မီးခုံတိုင် တဘက်တချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိ၏။

19 မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့် ပုံတူသောခွက်သုံးခွက်ရှိ၏။

20 မီးခုံတိုင်၌လည်းဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။

21 မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိ၏။

22 ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့် ထုလုပ်လေ၏။

23 မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့် လုပ်လေ၏။

24 မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို ရွှေစင်အခွက်တဆယ်နှင့် လုပ်သတည်း။