ထွက်​မြောက် 38:2-8 BJB

2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံလေ၏။

3 အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်းအစရှိသော ယဇ်ပလ္လင်နှင့်ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။

4 ကြေးဝါဆန်ခါကိုလုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊

5 ထမ်းဘိုးထားရာဆန်ခါလေးထောင့်၌တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။

6 အကာရှသားထမ်းဘိုးတို့ကိုလုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊

7 ယဇ်ပလ္လင်ကိုထမ်းစရာဘို့ တဘက်တချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက်ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။

8 ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သောမိန်းမတို့၏ ကြေးဝါမှန်များကိုယူ၍ ကြေးဝါအင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။