ထွက်​မြောက် 38:22-28 BJB

22 မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သားဖြစ်သော၊ ဥရိ၏သားဗေဇလေလသည် လုပ်လေ၏။

23 ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကိုလုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သားအဟောလျဘလည်းရှိ၏။

24 သန့်ရှင်းရာဌာနတော်ပြီးအောင်လှူ၍ လုပ်သောရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။

25 စာရင်းဝင်သောပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။

26 အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူစာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီပေးရကြ၏။

27 ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော်ခြေစွပ်၊ အတွင်းကုလားကာခြေစွပ်တည်းဟူသော ခြေစွပ်တရာကို သွန်းလေ၏။

28 ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကိုလုပ်၍ တိုင်ထိပ်များကိုမွမ်းမံလေ၏။