ထွက်​မြောက် 39:25-31 BJB

25 ရွှေစင်ဆည်းလည်းများကို၎င်း၊ ဝတ်လုံအောက်စွန်းနားပတ်လည်၌၊

26 သလဲသီးတလုံး၊ ဆည်းလည်းတလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အမှုတော်ကို ဆောင်ရသောဝတ်လုံကို လုပ်၍ပြီးလေ၏။

27 တဖန် ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့အဘို့ ရက်သောပိတ်ချောအင်္ကျီများကို၎င်း၊

28 ပိတ်ချောဗောင်းကို၎င်း၊ တင့်တယ်သောပိတ်ချောဦးထုပ်များကို၎င်း၊ ပိတ်ချောပေါင်းဘီများကို၎င်း၊

29 ချယ်လှယ်သောပိတ်ချော၊ အထည်ပြာ၊ အထည်မောင်း၊ အထည်နီဖြင့်ပြီးသော ခါးပန်းကို၎င်းလုပ်လေ၏။

30 မောရှေအား ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ သန့်ရှင်းသော သင်းကျစ်ပြားကိုလည်းရွှေစင်နှင့်လုပ်၍ တံဆိပ်ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရားအား သန့်ရှင်းခြင်းဟုအက္ခရာတင်၍၊

31 ပြာသောကြိုးနှင့် ဗောင်းအပေါ်နား၌ချည်ထားလေ၏။