ထွက်​မြောက် 4:1-7 BJB

1 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။

2 ထာဝရဘုရားကလည်း၊ သင်၏လက်၌အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟုလျှောက်၏။

3 မြေပေါ်မှာပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်းပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည်သူ့ရှေ့မှပြေးလေ၏။

4 ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကိုကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။

5 သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည်ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။

6 တဖန် ထာဝရဘုရားက၊ သင်၏လက်ကို သင်၏ရင်ခွင်သို့သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကိုရင်ခွင်သို့သွင်း၍ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။

7 တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကိုရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသားဖြစ်ပြန်လေ၏။