ထွက်​မြောက် 4:28-31 BJB

28 မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။

29 ထိုသူညီနောင်နှစ်ပါးတို့သည်သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကိုစုဝေးစေပြီးလျှင်၊

30 အာရုန်သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသော စကားတော်အလုံးစုံတို့ကိုပြန်ပြော၍၊ လူတို့ရှေ့မှာနိမိတ်သက်သေတို့ကိုပြလေ၏။

31 ထိုလူများတို့သည်ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူသည်ကို၎င်း၊ သူတို့ခံရသောဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်းကြားသောအခါ၊ ဦးညွှတ်ချ၍ကိုးကွယ်ကြ၏။