ထွက်​မြောက် 40:10-16 BJB

10 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကိုလိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန်သန့်ရှင်းသောပလ္လင်ဖြစ်ရမည်။

11 အင်တုံနှင့် ခြေထောက်ကိုလည်းလိမ်း၍ သန့်ရှင်းစေရမည်။

12 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာတံခါးနားသို့ခေါ်ခဲ့၍ ရေချိုးရမည်။

13 အာရုန်သည်ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။

14 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကိုခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကိုဆီလိမ်းရမည်။

15 အကယ်စင်စစ် သူတို့ဆီလိမ်းခြင်းဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ်အရာဖြစ်သတည်းဟု၊

16 ထာဝရဘုရားမိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။