ထွက်​မြောက် 7:20-25 BJB

20 မောရှေနှင့် အာရုန်သည် ထာဝရဘုရားမိန့်တော်မူသည်အတိုင်းပြု၍၊ အာရုန်သည် ဖာရောဘုရင်ရှေ့၊ သူ၏ကျွန်များရှေ့မှာ လှံတံကိုချီ၍ မြစ်ရေကို ရိုက်သဖြင့်၊ မြစ်ရေရှိသမျှသည်အသွေးဖြစ်လေ၏။

21 မြစ်၌ရှိသော ငါးတို့သည်လည်းသေကြ၍၊ မြစ်ရေနံသောကြောင့်၊ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်ကြ။ အဲဂုတ္တုပြည်တရှောက်လုံး၌ အသွေးနှံ့ပြားလျက်ရှိလေ၏။

22 အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြုကြ၏။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့၏စကားကိုနားမထောင်ဘဲနေ၏။

23 နန်းတော်သို့လှည့်လည်ပြန်သွား၍ ထိုအမှုကို နှလုံးမသွင်းဘဲနေလေ၏။

24 ထိုအခါ အဲဂုတ္တုလူတို့သည် မြစ်ရေကိုမသောက်နိုင်သောကြောင့်၊ သောက်ရေကိုရခြင်းငှါ မြစ်နားမှာတွင်းတူးကြ၏။

25 ထာဝရဘုရားသည် မြစ်ကိုဒဏ်ခတ်၍ ခုနစ်ရက်ကိုလွန်စေတော်မူ၏။