ထွက်​မြောက် 7:3-9 BJB

3 ငါသည်လည်း ဖာရောမင်း၏နှလုံးကိုခိုင်မာစေ၍၊ အဲဂုတ္တုပြည်၌ ငါ၏နိမိတ်လက္ခဏာ အံ့ဘွယ်သောအမှုတို့ကိုများပြားစေမည်။

4 သို့သော်လည်း ဖာရောမင်းသည်သင်တို့စကားကို နားမထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့လက်ကိုအဲဂုတ္တုပြည်အပေါ်မှာတင်၍ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် ငါ၏ဗိုလ်ပါများ၊ ငါ၏လူဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှနှုတ်ဆောင်မည်။

5 ထိုသို့အဲဂုတ္တုပြည်အပေါ်မှာငါ့လက်ကိုဆန့်၍၊ ဣသရေလအမျိုးသားတို့ကို သူတို့အထဲမှ နုတ်ဆောင်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

6 မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုကြ၏။

7 ဖာရောဘုရင်ထံ၌လျှောက်ကြသောအခါ၊ မောရှေ၏အသက်သည် အနှစ်ရှစ်ဆယ်ရှိ၏။ အာရုန်၏အသက်သည် အနှစ်ရှစ်ဆယ်သုံးနှစ်ရှိ၏။

8 တဖန်ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့အားမိန့်တော်မူသည်ကား၊

9 ဖာရောဘုရင်က၊ သင်တို့အတွက် ထူးဆန်းသောတန်ခိုးကိုပြလော့ဟုဆိုလျှင်၊ သင်၏လှံတံကိုယူ၍ရှေ့တော်၌ချလော့ဟု အာရုန်အားပြောလော့။ လှံတံသည်လည်း မြွေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။