14 အသေကောင်တို့ကိုစုပုံ၍ထားသဖြင့် တပြည်လုံးနံလေ၏။
15 ဖာရောမင်းလည်း၊ သက်သာရကြောင်းကိုသိမြင်သောအခါ၊ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
16 တဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်တရှောက်လုံး၌ရှိသော မြေမှုန်သည်ခြင်ကောင်ဖြစ်စေခြင်းငှါ၊ အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍၊ မြေမှုန့်ကိုရိုက်စေခြင်းငှါ ပြောလော့ဟု မိန့်တော်မူသည်အတိုင်း၊
17 အာရုန်သည် လှံတံကိုကိုင်လျက်လက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လေ၏။ မြေမှုန့်သည်လည်းလှံ၌၎င်း၊ တိရစ္ဆာန်၌၎င်း ခြင်ကောင်ဖြစ်လေ၏။ အဲဂုတ္တုပြည် တရှောက်လုံး၌မြေမှုန့်ရှိသမျှသည် ခြင်ကောင်ဖြစ်လေ၏။
18 ဝိဇ္ဇာဆရာကိုလည်း၊ ခြင်ကောင်တို့ကိုဖြစ်စေခြင်းငှါ ဝိဇ္ဇာအတတ်အားဖြင့် ထိုအတူပြု၍ မတတ်နိုင်ကြ။ သို့ဖြစ်၍ လူတို့နှင့် တိရစ္ဆာန်တို့၌ ခြင်ကောင်တို့သည် ရှိကြ၏။
19 ထိုအခါ ဝိဇ္ဇာဆရာတို့က၊ ဤအမှုသည်ဘုရားသခင်၏ တန်ခိုးကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အားလျှောက်ကြားကြ၏။ သို့သော်လည်း ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ ဖာရောဘုရင်သည် နှလုံးခိုင်မာ၍ သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏။
20 ထာဝရဘုရားကလည်း၊ သင်သည် နံနက်စောစောထလော့။ ရေဆိပ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှာရပ်၍ ထာဝရဘုရားက၊ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။