ထွက်​မြောက် 9:1-6 BJB

1 ထာဝရဘုရားကလည်း၊ သင်သည် ဖာရောဘုရင်ထံသို့ဝင်၍ ငါ၏လူတို့သည် ငါ့အားဝတ်ပြုမည်အကြောင်း၊ သူတို့ကိုလွှတ်လော့။

2 မလွှတ်ဘူးဟုငြင်း၍ ဆီးတားသေးလျှင်၊

3 ထာဝရဘုရား၏လက်တော်သည် လယ်ပြင်၌ ရှိသော တိရစ္ဆာန်၊ မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွားတို့အပေါ်၌ရောက်၍ အလွန်ပြင်းစွာသောရောဂါစွဲလိမ့်မည်။

4 ထာဝရဘုရားသည်၊ ဣသရေလလူတို့၏တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကိုခြားနားစေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။

5 နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အကြောင်းကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

6 နက်ဖြန်နေ့၌ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။