ထွက်​မြောက် 9:25-31 BJB

25 အဲဂုတ္တုပြည်တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုဃ်းသီးထိလေ၏။

26 သို့ရာတွင် ဣသရေလအမျိုးသားနေရာဂေါရှင်ပြည်၌ မိုဃ်းသီးမကျမရွာ။

27 ထိုအခါ ဖာရောဘုရင်သည်လူကိုစေလွှတ်၍၊ မောရှေနှင့် အာရုန်ကို ခေါ်ပြီးလျှင်၊ ဤအမှု၌ငါပြစ်မှားပြီ။ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ ငါနှင့် ငါ၏လူတို့သည် အပြစ်များပါ၏။

28 တန်ပါပြီ။ အားကြီးသောမိုဃ်းကြိုးနှင့် မိုဃ်းသီးစဲမည်အကြောင်း၊ ထာဝရဘုရားကိုတောင်းပန်ပါ။ သင်တို့ကိုငါမဆီးမတား အလျင်အမြန်လွှတ်မည်ဟု ဆိုလေ၏။

29 မောရှေကလည်း၊ မြို့ထဲကကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကိုဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကိုအစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့်မည်။ မိုဃ်းသီးလည်းမကျမရွာရ။

30 သို့သော်လည်းကိုယ်တော်နှင့် ကိုယ်တော်၏ကျွန်တို့သည်၊ ထာဝရအရှင် ဘုရားသခင်ကို မကြောက်သေးကြောင်းကို အကျွန်ုပ်သိပါသည်ဟု လျှောက်ဆို၏။

31 ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုဃ်းသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆံပင်လည်းအသီးမှည့်ပြီ။