ထွက်​မြောက် 9:4-10 BJB

4 ထာဝရဘုရားသည်၊ ဣသရေလလူတို့၏တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို့၏ တိရစ္ဆာန်ကိုခြားနားစေသဖြင့်၊ ဣသရေလအမျိုးသားပိုင်သော တိရစ္ဆာန် တကောင်မျှမသေရ။

5 နက်ဖြန်နေ့၊ အဲဂုတ္တုပြည်၌ ထိုအမှုကိုထာဝရဘုရားပြုတော်မူမည်ဟု မှန်သောအချိန်ကို ချိန်းချက်တော်မူပြီဟု ဟေဗြဲလူတို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အကြောင်းကိုပြောလော့ဟု မောရှေအားမိန့်တော်မူ၏။

6 နက်ဖြန်နေ့၌ထိုအမှုကိုပြုတော်မူသဖြင့်၊ အဲဂုတ္တုလူတို့၏ တိရစ္ဆာန်အမျိုးမျိုး သေကြ၏။ ဣသရေလလူတို့၏ တိရစ္ဆာန်တကောင်မျှမသေ။

7 ဖာရောဘုရင်သည် လူကိုစေလွှတ်၍၊ ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန်တကောင်မျှ မသေကြောင်းကို သိရ၏။ သို့သော်လည်း နှလုံးခိုင်မာပြန်၍၊ ဣသရေလလူတို့ကို မလွှတ်ဘဲနေလေ၏။

8 ထာဝရဘုရားကလည်း၊ မီးဖိုထဲကပြာကိုလက်နှင့်ယူ၍ မောရှေသည် ဖာရောဘုရင်ရှေ့၌ မိုဃ်းကောင်းကင်သို့ပစ်လွှင့်စေ။

9 ထိုပြာသည် အဲဂုတ္တုပြည်တရှောက်လုံး၌ နှံ့ပြားသောအမှုန့်ဖြစ်၍၊ ပြည်တရှောက်လုံးတွင် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လိမ့် မည်ဟု မောရှေနှင့် အာရုန်တို့အားမိန့်တော်မူသည်အတိုင်း၊

10 သူတို့သည်မီးဖိုထဲကပြာကိုယူ၍၊ ဖာရောဘုရင်ရှေ့မှာရပ်လျက်၊ မောရှေသည် မိုဃ်းကောင်းကင်သို့ပစ်လွှင့်သဖြင့်၊ ထိုပြာသည် လူနှင့်တိရစ္ဆာန်တို့၌ အခဲအကျိတ်ပြည့်သောအနာဆိုးဖြစ်လေ၏။