10 အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။
11 အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ဆိုထား၏။
12 ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။
13 “ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုသောသူတိုင်း ကယ်တင်ခြင်းခံရမည်”ဖြစ်၏။
14 သို့ရာတွင် မိမိမယုံကြည်သောအရှင်ထံ မည်သို့ပတ္ထနာပြုနိုင်မည်နည်း။ မိမိမကြားဖူးသောအရှင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း။
15 စေလွှတ်ခြင်းမခံရလျှင် မည်သို့ဟောပြောနိုင်မည်နည်း။ “ကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောသောသူများ၏ခြေတို့သည် အလွန်တင့်တယ်စွတကား”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
16 သို့သော် ဤကောင်းမြတ်သောသတင်းကို သူတို့အားလုံးနာခံကြသည်မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း”ဟု ဆိုထား၏။