ရော​မ​ဩ​ဝါ​ဒ​စာ 11 MSB

ကျေး​ဇူး​တော်​နှင့်​ဆိုင်​သော​ရွေး​ကောက်​ခြင်း

1 သို့​ဖြစ်​လျှင် ငါ​မေး​လို​သည်​မှာ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို ပစ်​ပယ်​တော်​မူ​ပြီ​လော။ လုံး​ဝ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​လည်း အစ္စ​ရေး​လူ​မျိုး၊ အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။

2 ဘု​ရား​သ​ခင်​သည် သိ​ထား​နှင့်​တော်​မူ​သော မိ​မိ​၏​လူ​မျိုး​တော်​ကို ပစ်​ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က အစ္စ​ရေး​လူ​မျိုး​ကို ဘု​ရား​သ​ခင်​ထံ တိုင်​ကြား​သော​အ​ခါ ကျမ်း​စာ​၌ ထို​အ​ကြောင်း​နှင့်​ပတ်​သက်​၍ မည်​သို့​ဆို​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

3 သူ​က “အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ကို​သတ်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ဦး​တည်း​ကျန်​ရစ်​ခဲ့​၍ အ​ကျွန်ုပ်​၏​အ​သက်​ကို​လည်း ရန်​ရှာ​နေ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

4 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ့​ကို မည်​သို့ ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ “ငါ​သည် ဗာ​လ​ရှေ့​၌​ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​ကို ငါ့​အ​တွက်​ချန်​ထား​၏”​ဟု မိန့်​တော်​မူ​၏။

5 ထို​နည်း​တူ ယ​ခု​အ​ချိန်​အ​ခါ​၌​လည်း ကျေး​ဇူး​တော်​အား​ဖြင့် ရွေး​ကောက်​ခံ​ရ​သည့်​ကြွင်း​ကျန်​သော​သူ​ရှိ​သေး​၏။

6 သို့​သော် ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​လျှင် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​တော့​ပေ။ သို့​မ​ဟုတ်​လျှင် ကျေး​ဇူး​တော်​သည် ကျေး​ဇူး​တော်​ဖြစ်​တော့​မည်​မ​ဟုတ်။

7 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ အစ္စ​ရေး​လူ​မျိုး​တို့​သည် မိ​မိ​တို့​ကြိုး​စား​ရှာ​ဖွေ​သော​အ​ရာ​ကို မ​ရ​ရှိ​ကြ။ ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သာ ရ​ရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာ​ကျော​ခက်​ထန်​သော​သ​ဘော​ရှိ​ကြ​၏။

8 “ဘု​ရား​သ​ခင်​သည် သူ​တို့​အား ယ​နေ့​ထိ​တိုင်​အောင် ထိုင်း​မှိုင်း​သော​စိတ်​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်း​ကောင်း ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

9 ဒါ​ဝိဒ်​က​လည်း “သူ​တို့​၏​စား​ပွဲ​သည် သူ​တို့​အ​တွက် ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ မှား​ယွင်း​စေ​သော​အ​ရာ​သော်​လည်း​ကောင်း၊ လက်​တုံ့​ပြန်​စ​ရာ​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။

10 သူ​တို့​၏​မျက်​စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါ​စေ။ သူ​တို့​၏​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ”​ဟု ဆို​ထား​၏။

လူ​မျိုး​ခြား​တို့​ထံ​သက်​ရောက်​သော​ကယ်​တင်​ခြင်း

11 သို့​ဖြစ်​လျှင် သူ​တို့​ခ​လုတ်​တိုက်​ကြ​သည်​မှာ သူ​တို့​လဲ​ကျ​စေ​ရန်​လော​ဟု ငါ​မေး​၏။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​မှန်​အား​ဖြင့် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​ကြောင့် လူ​မျိုး​ခြား​တို့​ထံ ကယ်​တင်​ခြင်း​ကျေး​ဇူး​သက်​ရောက်​၍ ဤ​အ​မှု​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​ရန်​ဖြစ်​၏။

12 သို့​သော် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​သည် လော​ကီ​သား​တို့​၏​ကြွယ်​ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံး​နိမ့်​ခြင်း​သည် လူ​မျိုး​ခြား​တို့​၏​ကြွယ်​ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်​စုံ​ခြင်း​သည် မည်​မျှ​ပို​၍​များ​သော​အ​ကျိုး​ကို ဖြစ်​စေ​လိမ့်​မည်​နည်း။

13 ထို့​ကြောင့် လူ​မျိုး​ခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူ​မျိုး​ခြား​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​အ​လျောက် ငါ​၏​အ​မှု​တော်​လုပ်​ငန်း​ကို ဂုဏ်​ယူ​လျက်

14 တစ်​နည်း​နည်း​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ကယ်​တင်​နိုင်​ရန် ငါ​မျှော်​လင့်​နေ​၏။

15 အ​ကြောင်း​မူ​ကား သူ​တို့​ပစ်​ပယ်​ခံ​ရ​ခြင်း​သည် လော​ကီ​သား​တို့​အ​တွက် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်​ခံ​ခြင်း​သည် သေ​လွန်​သော​သူ​တို့​အ​သက်​ပြန်​ရှင်​ခြင်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်​လော။

16 အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။

17 သို့​သော် အ​ကိုင်း​အ​ခက်​အ​ချို့​တို့​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​၍ သံ​လွင်​ပင်​အ​ရိုင်း​ဖြစ်​သော​သင်​သည် ထို​အ​ကိုင်း​အ​ခက်​များ​ကြား​၌ ကိုင်း​ဆက်​ကူး​ခံ​ရ​ပြီး သံ​လွင်​ပင်​အ​မြစ်​မှ​အ​ဆီ​အ​နှစ်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​လာ​လျှင်

18 ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။

19 ထို​အ​ခါ သင်​က “ငါ့​ကို ကိုင်း​ဆက်​ကူး​ရန်​အ​တွက် အ​ကိုင်း​အ​ခက်​များ​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်”​ဟု ဆို​လိမ့်​မည်။

20 မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး သင်​မူ​ကား ယုံ​ကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ ကြောက်​ရွံ့​ခြင်း​ရှိ​လော့။

21 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မူ​လ​အ​ကိုင်း​အ​ခက်​များ​ကို ညှာ​တာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာ​တာ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

22 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​သည် လဲ​ကျ​သော​သူ​တို့​ပေါ်​၌​ရှိ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​မူ​ကား သင်​သည် ထို​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​၌ ဆက်​၍​တည်​နေ​လျှင် သင့်​အ​ပေါ်​၌​ရှိ​၏။ ဆက်​၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်​ဖြတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

23 သူ​တို့​သည်​လည်း မ​ယုံ​ကြည်​မှု​ကို​စွန့်​ပယ်​လျှင် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​ကို နောက်​တစ်​ဖန်​ကိုင်း​ဆက်​ကူး​ရန် ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏။

24 အ​ဘယ်​ကြောင့်​ဆို​သော် သင်​သည် သ​ဘာ​ဝ​အ​တိုင်း ရိုင်း​သည့်​သံ​လွင်​ပင်​မှ ခုတ်​ဖြတ်​ခံ​ရ​၍ ကောင်း​သည့်​သံ​လွင်​ပင်​၌ သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​လျက် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​သည်​မှန်​လျှင် သ​ဘာ​ဝ​အ​တိုင်း ကောင်း​သည့်​သံ​လွင်​ပင်​၏​အ​ကိုင်း​များ​ကို​မူ​ကား မူ​ရင်း​သံ​လွင်​ပင်​၌ မည်​မျှ​ပို​၍​လွယ်​ကူ​စွာ ကိုင်း​ဆက်​ကူး​နိုင်​လိမ့်​မည်​နည်း။

အစ္စ​ရေး​တစ်​မျိုး​သား​လုံး​၏​ကယ်​တင်​ခြင်း

25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​သ​တိ​ရှိ​သော​သူ​ဟူ​၍​မ​ထင်​မှတ်​ကြ​စေ​ရန် ဤ​လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​မ​နေ​စေ​လို​ပါ။ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ဟူ​မူ​ကား အစ္စ​ရေး​လူ​မျိုး​၌ မာ​ကျော​ခက်​ထန်​သူ​အ​ချို့​ရှိ​ခြင်း​မှာ လူ​မျိုး​ခြား​တို့​စုံ​လင်​စွာ​ဝင်​ရောက်​သည်​အ​ထိ​ဖြစ်​ပြီး

26 ဤ​သို့​ဖြင့် အစ္စ​ရေး​လူ​မျိုး​တစ်​မျိုး​လုံး​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည်​ဟူ​၍​ဖြစ်​၏။ “ကယ်​နုတ်​သော​အ​ရှင်​သည် ဇိ​အုန်​မှ​ကြွ​လာ​ပြီး ယာ​ကုပ်​၏​အ​မျိုး​အ​နွယ်​ထဲ​မှ ဘု​ရား​တ​ရား​မဲ့​ခြင်း​များ​ကို ဖယ်​ရှား​တော်​မူ​လိမ့်​မည်။

27 ဤ​သည်​ကား သူ​တို့​၏​အ​ပြစ်​များ​ကို ငါ​ဖယ်​ရှား​သော​အ​ခါ သူ​တို့​အား ငါ​ပေး​မည့်​ပ​ဋိ​ညာဉ်​ပေ​တည်း”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

28 ကောင်း​မြတ်​သော​သ​တင်း​အ​ရ သူ​တို့​သည် သင်​တို့​အ​တွက်​ကြောင့် ရန်​သူ​များ​ဖြစ်​ကြ​သော်​လည်း ရွေး​ကောက်​တော်​မူ​ခြင်း​အ​ရ ရှေး​ဘိုး​ဘေး​များ​အ​တွက်​ကြောင့် ချစ်​တော်​မူ​သော​သူ​များ​ဖြစ်​ကြ​၏။

29 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဆု​ကျေး​ဇူး​များ​နှင့်​ခေါ်​ယူ​တော်​မူ​ခြင်း​သည် ပြောင်း​လဲ​ခြင်း​မ​ရှိ။

30 သင်​တို့​သည် တစ်​ချိန်​က ဘု​ရား​သ​ခင်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော်​လည်း ယ​ခု​အ​ခါ ထို​သူ​တို့​၏​မ​နာ​ခံ​မှု​ကြောင့် က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​သ​ကဲ့​သို့

31 သူ​တို့​သည်​လည်း ထို​နည်း​တူ ယ​ခု​နာ​ခံ​ခြင်း​မ​ရှိ​ကြ​ပေ။ ဤ​သည်​ကား သင်​တို့​ခံ​ရ​သော​က​ရု​ဏာ​တော်​အား​ဖြင့် ယ​ခု​အ​ခါ သူ​တို့​သည်​လည်း က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​ကြ​စေ​ရန်​ဖြစ်​၏။

32 ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​အ​ပေါ်​က​ရု​ဏာ​ထား​တော်​မူ​ရန် လူ​အ​ပေါင်း​တို့​ကို မ​နာ​ခံ​မှု​အ​ဖြစ်​၌​ချုပ်​ထား​တော်​မူ​၏။

33 ဘု​ရား​သ​ခင်​၏​အ​သိ​ပ​ညာ​နှင့်​ဉာဏ်​ပ​ညာ​တော်​တို့​၏​ကြွယ်​ဝ​မှု​သည် နက်​နဲ​လှ​ပါ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို စူး​စမ်း​လေ့​လာ​၍​မ​ကုန်​နိုင်။ လမ်း​တော်​တို့​ကို​လည်း ချင့်​မျှော်​တွေး​ဆ​၍​မ​ရ​နိုင်။

34 “မည်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော်​ကို​သိ​သ​နည်း။ မည်​သူ​သည် ကိုယ်​တော်​၏​အ​တိုင်​ပင်​ခံ​ဖြစ်​ဖူး​သ​နည်း။

35 မိ​မိ​အ​ပေါ် ကိုယ်​တော်​ကျေး​ဇူး​တုံ့​ပြန်​ရ​လေ​အောင် မည်​သူ​သည် ကိုယ်​တော်​အား ဦး​စွာ​ကျေး​ဇူး​ပြု​ဖူး​သ​နည်း။”

36 အ​ကြောင်း​မူ​ကား အ​ရာ​ခပ်​သိမ်း​တို့​သည် ကိုယ်​တော်​ထံ​မှ​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​တွက်​လည်း​ကောင်း ဖြစ်​တည်​ကြ​၏။ ကိုယ်​တော်​ရှင်​၌ ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း​အ​သ​ရေ​တော်​တည်​ရှိ​ပါ​စေ​သော။ အာ​မင်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16