ရော​မ​ဩ​ဝါ​ဒ​စာ 3 MSB

ဘု​ရား​သ​ခင်​၏​သစ္စာ​တော်

1 သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​၌ မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ရှိ​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​၌ မည်​သည့်​အ​ကျိုး​ရှိ​သ​နည်း။

2 အ​ဘက်​ဘက်​၌ အ​ကျိုး​များ​စွာ​ရှိ​၏။ ပ​ထ​မ​ဦး​စွာ သူ​တို့​၌ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​များ​ကို ယုံ​ကြည်​အပ်​နှံ​ထား​တော်​မူ​၏။

3 ထို​သို့​ဆို​လျှင် သူ​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ​ပါ​က မည်​သို့​ဖြစ်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့် ပျက်​ပြယ်​သွား​မည်​လော။

4 လုံး​ဝ​မ​ပျက်​ပြယ်​နိုင်​ရာ။ “ကိုယ်​တော်​သည် မိ​မိ​မိန့်​တော်​မူ​သော​စ​ကား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၍ တ​ရား​ဆိုင်​တော်​မူ​သော​အ​ခါ အောင်​မြင်​မည့်​အ​ကြောင်း​တည်း”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း လူ​ခပ်​သိမ်း​သည် လိမ်​လည်​သော​သူ​ဖြစ်​သော်​လည်း ဘု​ရား​သ​ခင်​သည် ဖြောင့်​မှန်​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​စေ​သော။

5 သို့​ရာ​တွင် ငါ​တို့​၏​မ​တ​ရား​မှု​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ လူ​သား​တစ်​ဦး​အ​နေ​ဖြင့်​ငါ​ဆို​သော် အ​မျက်​တော်​ကို​သက်​ရောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မ​ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​သ​လော။

6 လုံး​ဝ​မ​ဟုတ်​ပေ။ ဟုတ်​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည် ဤ​လော​က​ကို မည်​သို့​တ​ရား​စီ​ရင်​တော်​မူ​မည်​နည်း။

7 သို့​သော် ငါ​၏​လိမ်​လည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​အ​ဖြစ်​သို့ တိုး​ပွား​လျှင် ငါ​သည် အ​ဘယ်​ကြောင့် အ​ပြစ်​သား​တစ်​ဦး​အ​ဖြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​သေး​သ​နည်း။

8 “ကောင်း​ကျိုး​သက်​ရောက်​စေ​ရန် မ​ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့”​ဟု ဆို​၍​မ​ရ​နိုင်​သ​လော။ လူ​အ​ချို့​တို့​က ထို​ကဲ့​သို့​ငါ​တို့​ပြော​ဆို​နေ​သည်​ဟု​ဆို​လျက် ငါ​တို့​ကို စော်​ကား​ပြော​ဆို​ကြ​၏။ ထို​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ကြ​၏။

ဖြောင့်​မတ်​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ

9 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ ငါ​တို့​သည် သာ​၍​ကောင်း​မြတ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​တ​ရား​အောက်​၌​ရှိ​ကြောင်း အ​ထက်​က ငါ​တို့​ထောက်​ပြ​ခဲ့​ပြီ။

10 ဤ​သည်​ကား “ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။

11 တတ်​သိ​နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ​မ​ရှိ။

12 လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​၍ တ​ညီ​တ​ညွတ်​တည်း​အ​သုံး​မ​ကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။

13 သူ​တို့​၏​လည်​ချောင်း​သည် ဖွင့်​ထား​သော​သင်္ချိုင်း​တွင်း​ဖြစ်​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​လျှာ​ဖြင့် လိမ်​လည်​ပြော​ဆို​တတ်​ကြ​၏။ သူ​တို့​၏​နှုတ်​ခမ်း​အောက်​၌ မြွေ​ဆိုး​၏​အ​ဆိပ်​အ​တောက်​ရှိ​၏။

14 သူ​တို့​၏​နှုတ်​သည် ကျိန်​ဆဲ​သော​စ​ကား၊ ခါး​သီး​သော​စ​ကား​တို့​ဖြင့် ပြည့်​ဝ​လျက်​ရှိ​ကြ​၏။

15 သူ​တို့​၏​ခြေ​သည် သွေး​မြေ​ကျ​စေ​ရန် လျင်​မြန်​ကြ​၏။

16 သူ​တို့​သွား​ရာ​လမ်း​၌ ပျက်​စီး​ခြင်း​နှင့်​ဒုက္ခ​ဆင်း​ရဲ​ခြင်း​ရှိ​၍

17 သူ​တို့​သည် ငြိမ်း​ချမ်း​ရာ​လမ်း​ကို​မ​သိ​ကြ။

18 သူ​တို့​၏​မျက်​စိ​ရှေ့​တွင် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ခြင်း​မ​ရှိ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

19 ပ​ညတ်​တ​ရား​ဆို​ထား​သ​မျှ​တို့​သည် ပ​ညတ်​တ​ရား​အောက်​၌​ရှိ​သော​သူ​များ​အ​တွက်​ဆို​ထား​ကြောင်း ငါ​တို့​သိ​ကြ​၏။ ဤ​သည်​ကား နှုတ်​ရှိ​သ​မျှ​သည် ပိတ်​ထား​ခြင်း​ခံ​ရ​၍ လော​ကီ​သား​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​ခြင်း​လက်​အောက်​သို့ ကျ​ရောက်​ကြ​ရန်​ဖြစ်​၏။

20 သို့​ဖြစ်​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့် မည်​သူ​မျှ ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​အား​ဖြင့် အ​ပြစ်​အ​ကြောင်း​ကို​သိ​ရှိ​ရုံ​မျှ​သာ​ဖြစ်​၏။

ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော​ဖြောင့်​မတ်​ခြင်း

21 သို့​ရာ​တွင် ယ​ခု​အ​ခါ​၌ ပ​ညတ်​တ​ရား​နှင့်​ပ​ရော​ဖက်​များ​သက်​သေ​ခံ​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​သည် ပ​ညတ်​တ​ရား​မ​ပါ​ဘဲ ထင်​ရှား​လေ​ပြီ။

22 ၎င်း​မှာ ယေ​ရှု​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ခြင်း​အား​ဖြင့် ယုံ​ကြည်​သူ​အ​ပေါင်း​တို့​အ​ပေါ်​သက်​ရောက်​သော ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ဖြစ်​၏။ ဤ​တွင် မည်​သည့်​ခြား​နား​မှု​မျှ​မ​ရှိ။

23 အ​ကြောင်း​မူ​ကား လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ပြု​၍ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့် အ​လှမ်း​ဝေး​ကြ​ပြီ။

24 သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့် ခ​ရစ်​တော်​ယေ​ရှု​၏​ရွေး​နုတ်​ခြင်း​အား​ဖြင့် အ​ဖိုး​အ​ခ​မ​ပေး​ရ​ဘဲ ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ကြ​၏။

25 ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ထင်​ရှား​စေ​ရန် ခ​ရစ်​တော်​ကို​ခန့်​ထား​၍ ယုံ​ကြည်​ခြင်း​အ​တွက် ခ​ရစ်​တော်​၏​သွေး​တော်​ကို အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​ဖြစ်​စေ​တော်​မူ​၏။ တစ်​နည်း​ဆို​သော် ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လွန်​ခဲ့​ပြီး​သော​အ​ပြစ်​များ​အ​တွက် အ​ပြစ်​မ​ယူ​ဘဲ​နေ​တော်​မူ​၏။

26 ဤ​သည်​ကား ယ​ခု​အ​ချိန်​အ​ခါ​၌ မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​ရန်​နှင့် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ယေ​ရှု​ကို​ယုံ​ကြည်​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​ရန်​ဖြစ်​၏။

27 သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ​အ​ဘယ်​မှာ​ရှိ​သ​နည်း။ ၎င်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​လေ​ပြီ။ မည်​သည့်​တ​ရား​အား​ဖြင့် ဖယ်​ရှား​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ဖယ်​ရှား​၏။

28 အ​ကြောင်း​မူ​ကား လူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၏​ဟု ငါ​တို့​မှတ်​ယူ​ကြ​၏။

29 သို့​မ​ဟုတ် ဘု​ရား​သ​ခင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​၏။

30 ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​၍ အ​ရေ​ဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် အ​မှန်​ပင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​၏။

31 သို့​ဖြစ်​လျှင် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ကြောင့် ပ​ညတ်​တ​ရား​ကို ပယ်​ဖျက်​ကြ​သ​လော။ လုံး​ဝ​မ​ပယ်​ဖျက်​ကြ။ ပ​ညတ်​တ​ရား​ကို တည်​မြဲ​တည်​စေ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16