ရော​မ​ဩ​ဝါ​ဒ​စာ 9 MSB

အစ္စ​ရေး​လူ​မျိုး​နှင့်​ဘု​ရား​သ​ခင်​၏​က​တိ​တော်

1 ငါ​သည် ခ​ရစ်​တော်​၌ မု​သား​မ​ပါ ဟုတ်​မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အ​သိ​စိတ်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​နှင့်​အ​တူ​သက်​သေ​ခံ​လျက်​နေ​သည့်​အ​ကြောင်း​ကား

2 ငါ​၌​အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၍ ငါ​၏​စိတ်​နှ​လုံး​ထဲ​တွင် အ​မြဲ​မ​ပြတ်​ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ရှိ​၏။

3 အ​မှန်​စင်​စစ် သွေး​သား​ဇာ​တိ​အား​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက် ငါ​ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။

4 သူ​တို့​သည် အစ္စ​ရေး​အ​မျိုး​သား​များ​ဖြစ်​ကြ​ပြီး သား​သ​မီး​အ​ရာ​ဖြစ်​စေ၊ ဘုန်း​အ​သ​ရေ​ဖြစ်​စေ၊ ပ​ဋိ​ညာဉ်​များ​ဖြစ်​စေ၊ ပ​ညတ်​တ​ရား​ပေး​အပ်​ခြင်း​ဖြစ်​စေ၊ ဝတ်​ပြု​ခြင်း​ဖြစ်​စေ၊ က​တိ​တော်​များ​ဖြစ်​စေ ထို​သူ​တို့​နှင့်​ဆိုင်​၏။

5 ရှေး​ဘိုး​ဘေး​တို့​သည် သူ​တို့​နှင့်​ဆက်​နွှယ်​ကြ​၍ ခ​ရစ်​တော်​သည်​လည်း လူ​သား​အ​နေ​ဖြင့် သူ​တို့​ထဲ​မှ​ပေါ်​ထွန်း​တော်​မူ​၏။ ထို​အ​ရှင်​သည် အ​ရာ​ခပ်​သိမ်း​တို့​အ​ထက်​၌​ရှိ​၍ ကာ​လ​အ​စဉ်​အ​ဆက်​မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ အာ​မင်။

6 မည်​သို့​ပင်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် ပျက်​ပြယ်​သွား​သည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် အစ္စ​ရေး​အ​နွယ်​ဝင်​အား​လုံး​သည် အစ္စ​ရေး​လူ​မျိုး​မ​ဟုတ်။

7 အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​သော​ကြောင့် အား​လုံး​သည် သား​သ​မီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု အ​မိန့်​တော်​ရှိ​၏။

8 ဆို​လို​သည်​ကား သွေး​သား​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ က​တိ​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သာ​လျှင် အ​မျိုး​အ​နွယ်​အ​ဖြစ်​သတ်​မှတ်​ခြင်း​ခံ​ရ​၏။

9 အ​ဘယ်​ကြောင့်​ဆို​သော် က​တိ​တော်​စ​ကား​မှာ “ဤ​သို့​သော​အ​ချိန်​အ​ခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာ​ရာ​သည်​လည်း သား​တစ်​ဦး​ကို​ရ​ရှိ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

10 ထို​မျှ​မ​က ရေ​ဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုး​ဘေး​ဣ​ဇက်​တစ်​ဦး​တည်း​နှင့်​ပင်​စုံ​ဖက်​၍ ကိုယ်​ဝန်​ရ​ရှိ​သော​အ​ခါ

11 သား​တို့​မ​မွေး​ဖွား​မီ၊ ထို​သား​တို့​သည် အ​ကောင်း​အ​ဆိုး​ကို​မ​ပြု​ကျင့်​မီ​က​ပင် ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​ခြင်း​နှင့်​ဆိုင်​သော အ​ကြံ​အ​စည်​တော်​သည် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခေါ်​ယူ​တော်​မူ​သော​သူ​အား​ဖြင့် တည်​စေ​ရန်

12 “အ​ကြီး​သည် အ​ငယ်​ကို အ​စေ​ခံ​ရ​လိမ့်​မည်”​ဟု ရေ​ဗက္ကာ​အား မိန့်​တော်​မူ​၏။

13 “ယာ​ကုပ်​ကို ငါ​ချစ်​၏။ ဧ​သော​ကို​မူ​ကား ငါ​မုန်း​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​တော်​မူ​ခြင်း

14 သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​၌ မ​တ​ရား​မှု​ရှိ​သ​လော။ လုံး​ဝ​မ​ရှိ​ပေ။

15 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မော​ရှေ​အား “ငါ​သည် သ​နား​လို​သော​သူ​ကို​သ​နား​၍ သက်​ညှာ​လို​သော​သူ​ကို သက်​ညှာ​မည်”​ဟု မိန့်​တော်​မူ​၏။

16 ထို့​ကြောင့် ဤ​အ​ရာ​သည် လူ​၏​အ​လို​ဆန္ဒ​အ​ပေါ်​၌​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​မှု​အ​ပေါ်​၌​လည်း​ကောင်း မ​မူ​တည်​ဘဲ က​ရု​ဏာ​ထား​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ပေါ်​၌​သာ မူ​တည်​၏။

17 အ​ကြောင်း​မူ​ကား ကျမ်း​စာ​၌ ဖာ​ရော​ဘု​ရင်​အား “သင့်​ကို ငါ​ချီး​မြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်​ခိုး​ကို​ပြ​သ​၍ ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင် ငါ​၏​နာ​မ​ကို ကျော်​ကြား​စေ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

18 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သ​နား​လို​သော​သူ​ကို သ​နား​တော်​မူ​၍ ခေါင်း​မာ​စေ​လို​သော​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

19 ထို​အ​ခါ သင်​က “သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​သည် လူ​တို့​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ မည်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆန့်​ကျင်​နိုင်​မည်​နည်း”​ဟု ငါ့​အား မေး​မြန်း​လိမ့်​မည်။

20 သို့​သော် အ​ချင်း​လူ၊ သင်​သည် မည်​သူ​ဖြစ်​၍ ဘု​ရား​သ​ခင်​ကို ပြန်​ခံ​ပြော​ဆို​သ​နည်း။ ပုံ​သွင်း​ခံ​ရ​သော​အ​ရာ​သည် ပုံ​သွင်း​ပေး​သော​သူ​အား “အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​ပြု​လုပ်​ခဲ့​သ​နည်း”​ဟု ပြော​ဆို​နိုင်​ပါ​မည်​လော။

21 အိုး​ထိန်း​သည်​သည် ရွှံ့​စေး​တစ်​ပုံ​တည်း​ထဲ​မှ အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း၊ အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။

22 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ကို​ပြ​သ​ရန်​နှင့် မိ​မိ​၏​တန်​ခိုး​တော်​ကို​သိ​စေ​ရန် အ​လို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်​ဆီး​ရန်​ပြင်​ဆင်​ထား​သော အ​မျက်​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​ကို အ​လွန်​စိတ်​ရှည်​စွာ​သည်း​ခံ​တော်​မူ​လျှင် မည်​သို့​နည်း။

23 ထို့​ပြင် ဘုန်း​အ​သ​ရေ​အ​တွက်​ကြို​တင်​ပြင်​ဆင်​ထား​သော က​ရု​ဏာ​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​၌ မိ​မိ​ဘုန်း​အ​သ​ရေ​တော်​၏​ကြွယ်​ဝ​မှု​ကို သိ​စေ​ရန်​ပြု​တော်​မူ​လျှင် မည်​သို့​နည်း။

24 ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​က​ရု​ဏာ​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​အ​ဖြစ် ဂျူး​လူ​မျိုး​တို့​ထဲ​မှ​သာ​မ​က​ဘဲ လူ​မျိုး​ခြား​တို့​ထဲ​မှ​လည်း ခေါ်​ယူ​ထား​တော်​မူ​၏။

25 ဟော​ရှေ​ကျမ်း​၌ “ငါ​၏​လူ​မျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူ​မျိုး’​ဟူ​၍​လည်း​ကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ​၍​လည်း​ကောင်း ငါ​ခေါ်​မည်။

26 ‘သင်​တို့​သည် ငါ​၏​လူ​မျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်​ဆို​ထား​သော ထို​အ​ရပ်​၌​ပင် သူ​တို့​သည် ‘အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​များ’​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

27 ဟေ​ရှာ​ယ​က​လည်း အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍ “အစ္စ​ရေး​အ​မျိုး​သား​တို့​၏​အ​ရေ​အ​တွက်​သည် ပင်​လယ်​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​သော်​လည်း ကျန်​ရစ်​သော​သူ​မျှ​သာ ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

28 အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ​သော​အ​ရာ​ကို မြေ​ကြီး​ပေါ်​၌​ပြည့်​စုံ​စေ​၍ မ​ဆိုင်း​မ​တွ ပြု​လုပ်​တော်​မူ​လိမ့်​မည်”​ဟု ကြွေး​ကြော်​၏။

29 ထို့​ပြင် ဟေ​ရှာ​ယ​က “ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​တွက် အ​မျိုး​အ​နွယ်​ကို​ချန်​ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​ခဲ့​၍ ဂေါ​မော​ရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု ကြို​တင်​ပြော​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

အစ္စ​ရေး​လူ​မျိုး​၏​မှား​ယွင်း​ခြင်း

30 သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ရန် မ​ကြိုး​စား​သော​လူ​မျိုး​ခြား​တို့​သည် ဖြောင့်​မတ်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ တစ်​နည်း​ဆို​သော် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော ဖြောင့်​မတ်​ခြင်း​ဖြစ်​၏။

31 သို့​ရာ​တွင် ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သည့်​တ​ရား​ကို ရ​ရှိ​ရန်​ကြိုး​စား​သော​အစ္စ​ရေး​လူ​မျိုး​တို့​သည် ထို​တ​ရား​သို့​မ​ပေါက်​ရောက်​ကြ။

32 အ​ဘယ်​ကြောင့် မ​ပေါက်​ရောက်​သ​နည်း။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ အ​ကျင့်​အား​ဖြင့်​ရ​ရှိ​နိုင်​သ​ကဲ့​သို့ ကြိုး​စား​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည် ခ​လုတ်​တံ​သင်း​ဖြစ်​သော​ကျောက်​ကို တိုက်​မိ​ကြ​ပြီ။

33 ဤ​သည်​ကား “ကြည့်​ရှု​လော့။ ခ​လုတ်​တံ​သင်း​ဖြစ်​သော​ကျောက်၊ မှား​ယွင်း​စေ​သော​ကျောက်​ကို ဇိ​အုန်​၌ ငါ​ချ​ထား​၏။ ထို​ကျောက်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ရှက်​ရ​လိမ့်​မည်​မ​ဟုတ်”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16