ရော​မ​ဩ​ဝါ​ဒ​စာ 15 MSB

ခ​ရစ်​တော်​၏​စံ​န​မူ​နာ​အ​တိုင်း​လိုက်​လျှောက်​ခြင်း

1 သို့​ဖြစ်​၍ ခွန်​အား​ရှိ​သော​ငါ​တို့​သည် မိ​မိ​တို့​နှစ်​သက်​သည့်​အ​တိုင်း​မ​ပြု​ဘဲ အား​နည်း​သော​သူ​တို့​၏​အား​နည်း​ချက်​တို့​ကို ထောက်​မ​ပေး​သင့်​၏။

2 ငါ​တို့​အ​သီး​သီး​သည် မိ​မိ​ဝန်း​ကျင်​၌​ရှိ​သော​သူ​ကို​တည်​ဆောက်​မြှင့်​တင်​ပေး​ရန် သူ​၏​ကောင်း​ကျိုး​ကို​ထောက်​၍ သူ့​ကို​နှစ်​သက်​စေ​ရ​မည်။

3 အ​ဘယ်​ကြောင့်​ဆို​သော် “ကိုယ်​တော်​ကို​ကဲ့​ရဲ့​ပြစ်​တင်​သော​သူ​တို့​၏​ကဲ့​ရဲ့​ပြစ်​တင်​သော​စ​ကား​သည် အ​ကျွန်ုပ်​အ​ပေါ်​သို့ ကျ​ရောက်​ပါ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​နှင့်​အ​ညီ ခ​ရစ်​တော်​ပင်​လျှင် မိ​မိ​နှစ်​သက်​သည့်​အ​တိုင်း​ပြု​တော်​မ​မူ​ခဲ့​ပေ။

4 အ​ကြောင်း​မူ​ကား ရှေး​အ​ခါ​က​ရေး​ထား​သ​မျှ​သော​အ​ရာ​သည် ငါ​တို့​ကို​သွန်​သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်း​စာ​၌​ပါ​သော သည်း​ခံ​ခြင်း​နှင့် နှစ်​သိမ့်​ခြင်း​အား​ဖြင့် ငါ​တို့​၌ မျှော်​လင့်​ခြင်း​ရှိ​စေ​ရန်​ဖြစ်​၏။

5-6 သင်​တို့​သည် ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို တစ်​သံ​တည်း​ဖြင့် တ​ညီ​တ​ညွတ်​တည်း​ချီး​မွမ်း​နိုင်​ရန် သည်း​ခံ​ခြင်း​နှင့်​နှစ်​သိမ့်​ခြင်း​တို့​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား ခ​ရစ်​တော်​ယေ​ရှု​၏​အ​လို​တော်​အ​တိုင်း အ​ချင်း​ချင်း​တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​နိုင်​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​စေ​သော။

7 ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အ​တွက် သင်​တို့​ကို​လက်​ခံ​သ​ကဲ့​သို့ သင်​တို့​သည်​လည်း တစ်​ဦး​ကို​တစ်​ဦး​လက်​ခံ​ကြ​လော့။

8 တစ်​ဖန် ငါ​ဆို​သည်​ကား ခ​ရစ်​တော်​သည် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​ကို​ထင်​ရှား​စေ​ရန် အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​စေ​ခံ​ဖြစ်​တော်​မူ​၏။ ထို​သို့​ဖြစ်​တော်​မူ​ခြင်း​မှာ ရှေး​ဘိုး​ဘေး​တို့​အား ပေး​ထား​သော​က​တိ​တော်​တို့​ကို တည်​မြဲ​စေ​ရန်​နှင့်

9 လူ​မျိုး​ခြား​တို့​သည်​လည်း က​ရု​ဏာ​တော်​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​ရန်​ဖြစ်​၏။ ဤ​သည်​ကား ကျမ်း​စာ​၌ “ထို့​ကြောင့် အ​ကျွန်ုပ်​သည် လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​၍ ကိုယ်​တော်​၏​နာ​မ​တော်​ကို ချီး​မွမ်း​သီ​ဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

10 တစ်​ဖန် “လူ​မျိုး​ခြား​တို့၊ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​နှင့်​အ​တူ ဝမ်း​မြောက်​ကြ​လော့”​ဟု ဆို​ထား​၏။

11 ထို့​နောက် တစ်​ဖန် “လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ချီး​မွမ်း​ကြ​လော့။ လူ​မျိုး​အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ချီး​မွမ်း​ကြ​လော့”​ဟု ဆို​ထား​၏။

12 တစ်​ဖန် ဟေ​ရှာ​ယ​က​လည်း “ယေ​ရှဲ​၏​အ​မြစ်​ပေါက်​လိမ့်​မည်။ ထို​သူ​သည် လူ​မျိုး​ခြား​တို့​ကို​အုပ်​ချုပ်​ရန် ပေါ်​ထွန်း​သော​သူ​ဖြစ်​၏။ လူ​မျိုး​ခြား​တို့​သည် သူ့​ကို​မျှော်​လင့်​အား​ထား​ကြ​လိမ့်​မည်”​ဟု ဆို​ထား​၏။

13 သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​နှင့်​ကြွယ်​ဝ​မည့်​အ​ကြောင်း မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​မှ​လာ​သော ဝမ်း​မြောက်​ခြင်း​နှင့်​ငြိမ်​သက်​ခြင်း​အ​လုံး​စုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်​စုံ​စေ​တော်​မူ​ပါ​စေ​သော။

ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့် ပေါ​လု​၏​ဆောင်​ရွက်​မှု

14 ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​ကိုယ်​တိုင် ကောင်း​မြတ်​ခြင်း​နှင့်​ပြည့်​ဝ​လျက် အ​သိ​ပ​ညာ​အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​ကာ အ​ချင်း​ချင်း​ကို​သ​တိ​ပေး​ဆုံး​မ​နိုင်​ကြ​သည်​ဟု သင်​တို့​နှင့်​ပတ်​သက်​၍ ငါ​ယုံ​ကြည်​စိတ်​ချ​၏။

15-16 သို့​သော် လူ​မျိုး​ခြား​တို့​အ​တွက် ငါ့​ကို​ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သူ​ဖြစ်​စေ​၍ ဘု​ရား​သ​ခင်​၏​ကောင်း​မြတ်​သော​သ​တင်း​နှင့်​ဆိုင်​သည့်​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​စေ​ပြီး ထို​လူ​မျိုး​ခြား​တို့​ကို​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် သန့်​ရှင်း​စေ​ခြင်း​ခံ​ရ​သည့်​နှစ်​သက်​လက်​ခံ​ဖွယ်​ပူ​ဇော်​သက္ကာ​ဖြစ်​စေ​ရန် ငါ့​အား ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အား​ဖြင့် သင်​တို့​ကို တစ်​ဖန်​သ​တိ​ပေး​ရန် တ​ချို့​အ​ပိုင်း​၌ ငါ​ရဲ​ဝံ့​စွာ ရေး​ခဲ့​၏။

17 သို့​ဖြစ်​၍ ငါ​သည် ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​၏။

18 အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​နာ​ခံ​မှု​ရှိ​စေ​ရန် ခ​ရစ်​တော်​သည် ငါ့​ကို​အ​သုံး​ပြု​၍ တ​ရား​စ​ကား​နှင့်​လုပ်​ဆောင်​မှု​အား​ဖြင့်​လည်း​ကောင်း၊

19 နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​၏​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​လည်း​ကောင်း ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​မှ​အ​ပ ငါ​သည် မည်​သည့်​အ​ရာ​ကို​မျှ အ​ရဲ​စွန့်​၍​မ​ပြော​လို​ပေ။ ဤ​သို့​ဖြင့် ငါ​သည် ဂျေ​ရု​ဆ​လင်​မြို့​မှ​စ​၍ ဣ​လု​ရိတ်​ပြည်​တိုင်​အောင် ပတ်​သွား​ကာ ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို စုံ​လင်​စွာ​ဟော​ပြော​ခဲ့​၏။

20 ထို​သို့​ဟော​ပြော​ရာ​၌ ငါ​သည် သူ​တစ်​ပါး​၏​အုတ်​မြစ်​ပေါ်​တွင် တည်​ဆောက်​ခြင်း​မ​ပြု​မည့်​အ​ကြောင်း ခ​ရစ်​တော်​၏​နာ​မ​ကို ကြား​သိ​ခြင်း​မ​ရှိ​သေး​သော​အ​ရပ်​၌ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​ရန် ရည်​မှန်း​ကြိုး​စား​လာ​ခဲ့​၏။

21 ဤ​သည်​ကား “ကိုယ်​တော်​၏​အ​ကြောင်း​ကို​ဖော်​ပြ​ခြင်း​မ​ခံ​ရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နား​လည်​ကြ​လိမ့်​မည်”​ဟု ကျမ်း​စာ​၌ ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

ရော​မ​မြို့​သို့​သွား​ရန်​ပေါ​လု​စီ​စဉ်​ခြင်း

22 ဤ​အ​ကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံ​သို့​မ​လာ​ရန် အ​ဖန်​ဖန်​တား​ဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်​လည်း

23 ယ​ခု​အ​ခါ ဤ​အ​ရပ်​တို့​၌ ငါ​လုပ်​ဆောင်​ရ​မည့်​နေ​ရာ​မ​ရှိ​တော့​သည့်​အ​ပြင် သင်​တို့​ထံ​သို့​လာ​ရန် နှစ်​ပေါင်း​များ​စွာ​က​ပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်​အ​ညီ

24 စ​ပိန်​ပြည်​သို့ ငါ​သွား​သော​အ​ခါ သင်​တို့​ကို လမ်း​ကြုံ​ဝင်​တွေ့​၍ အ​တော်​အ​တန်​အ​လို​ဆန္ဒ​ပြည့်​စုံ​အောင် သင်​တို့​နှင့်​အ​တူ​နေ​ပြီး​မှ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်​လင့်​ထား​၏။

25 သို့​သော် ယ​ခု ငါ​သည် သန့်​ရှင်း​သူ​များ​၏​အ​မှု​ကို​ဆောင်​ရွက်​ရန် ဂျေ​ရု​ဆ​လင်​မြို့​သို့ သွား​ရ​မည်။

26 အ​ဘယ်​ကြောင့်​ဆို​သော် မာ​ကေ​ဒေါ​နိ​ပြည်​သား​နှင့် အ​ခါ​ယ​ပြည်​သား​တို့​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သော သန့်​ရှင်း​သူ​များ​ထဲ​မှ ဆင်း​ရဲ​သော​သူ​တို့​ကို ကူ​ညီ​ပံ့​ပိုး​ပေး​ရန် စေ​တ​နာ​စိတ်​ရှိ​ကြ​၏။

27 သူ​တို့​သည် စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​မှန်​သ​ကဲ့​သို့ ထို​သူ​တို့​အ​ပေါ် အ​ကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား လူ​မျိုး​ခြား​တို့​သည် ထို​သူ​တို့​၏​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို မျှ​ဝေ​ခံ​ယူ​ကြ​ရ​သည်​ဆို​လျှင် ရုပ်​ဝတ္ထု​နှင့်​ဆိုင်​သော​အ​ရာ​များ​အား​ဖြင့် သူ​တို့​၏​အ​မှု​ကို ဆောင်​ရွက်​ပေး​သင့်​၏။

28 ထို့​ကြောင့် ငါ​သည် ဤ​အ​မှု​ကိစ္စ​ကို ပြီး​စီး​အောင်​ဆောင်​ရွက်​၍ ဤ​အ​လှူ​ပစ္စည်း​ကို သူ​တို့​အား သေ​ချာ​စွာ​အပ်​နှင်း​ပြီး​မှ သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် စ​ပိန်​ပြည်​သို့​သွား​မည်။

29 သင်​တို့​ထံ​သို့ ငါ​လာ​သော​အ​ခါ ခ​ရစ်​တော်​၏​ကောင်း​ချီး​မင်္ဂ​လာ​အ​ပြည့်​အ​စုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။

30 ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​နှင့် ဝိ​ညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အား​ဖြင့် သင်​တို့​အား ငါ​တောင်း​ပန်​လို​သည်​မှာ

31 ငါ​သည် ယု​ဒ​ပြည်​ရှိ မ​ယုံ​ကြည်​သူ​တို့​၏​လက်​မှ ကယ်​နုတ်​ခြင်း​ခံ​ရ​ပြီး ဂျေ​ရု​ဆ​လင်​မြို့​အ​တွက် ငါ​ဆောင်​ရွက်​သော​အ​မှု​သည် သန့်​ရှင်း​သူ​များ​ရှေ့​တွင် နှစ်​သက်​လက်​ခံ​ဖွယ်​ဖြစ်​သ​ဖြင့်

32 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် သင်​တို့​ထံ​သို့​ငါ​လာ​၍ သင်​တို့​နှင့်​အ​တူ နှစ်​သိမ့်​သက်​သာ​ခြင်း​ကို​ခံ​စား​နိုင်​မည့်​အ​ကြောင်း ငါ​နှင့်​အ​တူ​ကြိုး​စား​အား​ထုတ်​၍ ငါ့​အ​တွက် ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ကြ​လော့။

33 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။ အာ​မင်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16