ရော​မ​ဩ​ဝါ​ဒ​စာ 6 MSB

အ​သက်​တာ​သစ်​၌​လျှောက်​လှမ်း​ခြင်း

1 သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ကျေး​ဇူး​တော်​များ​ပြား​စေ​ရန် ငါ​တို့​သည် အ​ပြစ်​ထဲ​၌​ဆက်​၍​တည်​ရ​မည်​လော။

2 လုံး​ဝ​မ​တည်​ရ။ အ​ပြစ်​အ​ရာ​၌ သေ​ဆုံး​သော​ငါ​တို့​သည် ၎င်း​တွင် မည်​သို့​အ​သက်​ရှင်​နိုင်​ဦး​မည်​နည်း။

3 သို့​မ​ဟုတ် ခ​ရစ်​တော်​ယေ​ရှု​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​သော​ငါ​တို့​သည် ကိုယ်​တော်​၏​အ​သေ​ခံ​တော်​မူ​ခြင်း​၌ ဗတ္တိ​ဇံ​ခံ​ခဲ့​ကြောင်း သင်​တို့​မ​သိ​ကြ​သ​လော။

4 ထို​သို့ ငါ​တို့​သည် အ​သေ​ခံ​တော်​မူ​ခြင်း​၌ ဗတ္တိ​ဇံ​ခံ​သော​အား​ဖြင့် ကိုယ်​တော်​နှင့်​အ​တူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ကြ​၏။ ဤ​သည်​ကား ခ​ရစ်​တော်​သည် ခ​မည်း​တော်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ဖြင့် သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သည်​နည်း​တူ ငါ​တို့​သည်​လည်း အ​သက်​တာ​သစ်​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ရန်​ဖြစ်​၏။

5 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ခ​ရစ်​တော်​၏​အ​သေ​ခံ​တော်​မူ​ခြင်း​နှင့်​တူ​ညီ​သော​သဏ္ဌာန်​၌ ကိုယ်​တော်​နှင့်​အ​တူ​ပေါင်း​စည်း​ကြ​သည်​ဆို​လျှင် ကိုယ်​တော်​၏​ရှင်​ပြန်​ထ​မြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧ​ကန်​အ​မှန်​ဆောင်​ကြ​လိမ့်​မည်။

6 ငါ​တို့​၏​လူ​ဟောင်း​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ထား​ခြင်း​ခံ​ရ​သည်​မှာ အ​ပြစ်​နှင့်​ဆိုင်​သော​ကိုယ်​ခန္ဓာ​သည် ဖျက်​ဆီး​ခြင်း​ခံ​ရ​လျက် ငါ​တို့​သည် နောက်​ထပ် အ​ပြစ်​ထံ​၌ ကျွန်​မ​ခံ​ရ​ရန်​အ​တွက်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

7 အ​ဘယ်​ကြောင့်​ဆို​သော် သေ​လွန်​သော​သူ​သည် အ​ပြစ်​၏​လက်​မှ လွတ်​မြောက်​ပြီ​ဖြစ်​၏။

8 ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​သေ​လျှင် ကိုယ်​တော်​နှင့်​အ​တူ​အ​သက်​ရှင်​မည်​ဟူ​၍​လည်း ယုံ​ကြည်​ကြ​၏။

9 သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော်​သည် နောက်​တစ်​ဖန်​သေ​တော့​မည်​မ​ဟုတ်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သေ​ခြင်း​သည် ကိုယ်​တော်​ကို အ​စိုး​တ​ရ​ပြု​တော့​မည်​မ​ဟုတ်။

10 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​အ​သေ​ခံ​တော်​မူ​သည်​မှာ အ​ပြစ်​အ​ရာ​၌ တစ်​ကြိမ်​တည်း​နှင့်​အ​ပြီး​အ​သေ​ခံ​တော်​မူ​သည်​ဖြစ်​၍ ယ​ခု​အ​သက်​ရှင်​တော်​မူ​သည်​မှာ ဘု​ရား​သ​ခင်​၌ အ​သက်​ရှင်​တော်​မူ​၏။

11 ထို​နည်း​တူ သင်​တို့​သည်​လည်း အ​ပြစ်​အ​ရာ​၌ သေ​သော​သူ​ဖြစ်​ပြီး ဘု​ရား​သ​ခင်​၌ ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် အ​သက်​ရှင်​နေ​သည်​ဟု ကိုယ့်​ကိုယ်​ကိုယ်​မှတ်​ယူ​ကြ​လော့။

12 ထို့​ကြောင့် ကိုယ်​ခန္ဓာ​၏​တပ်​မက်​ခြင်း​အ​လို​သို့​လိုက်​ရန် သင်​တို့​၏​သေ​တတ်​သော​ကိုယ်​ခန္ဓာ​ကို အ​ပြစ်​အား မ​စိုး​မိုး​စေ​ကြ​နှင့်။

13 သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို​လည်း မ​တ​ရား​မှု​၏​လက်​နက်​များ​အ​ဖြစ် အ​ပြစ်​အား မ​ဆက်​သ​ကြ​နှင့်။ ထို​သို့​ပြု​မည့်​အ​စား သေ​သော​သူ​တို့​ထဲ​မှ အ​သက်​ရှင်​လာ​သူ​ကဲ့​သို့ မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​အား ဆက်​သ​၍ သင်​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​လက်​နက်​များ​အ​ဖြစ် ဘု​ရား​သ​ခင်​အား ဆက်​သ​ကြ​လော့။

14 အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် ပ​ညတ်​တ​ရား​လက်​အောက်​၌​မ​ရှိ​ဘဲ ကျေး​ဇူး​တော်​လက်​အောက်​၌​ရှိ​ကြ​သည်​ဖြစ်​၍ အ​ပြစ်​တ​ရား​သည် သင်​တို့​ကို အ​စိုး​တ​ရ​ပြု​လိမ့်​မည်​မ​ဟုတ်။

အ​ပြစ်​၏​ကျွန်​နှင့် ဖြောင့်​မတ်​ခြင်း​၏​ကျွန်

15 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ ငါ​တို့​သည် ပ​ညတ်​တ​ရား​လက်​အောက်​၌​မ​ရှိ​ဘဲ ကျေး​ဇူး​တော်​လက်​အောက်​၌​ရှိ​ကြ​သော​ကြောင့် အ​ပြစ်​ပြု​ရ​မည်​လော။ လုံး​ဝ​မ​ပြု​ရ။

16 သင်​တို့​သည် တစ်​စုံ​တစ်​ဦး​အား မိ​မိ​ကိုယ်​ကို​ဆက်​သ​၍ ကျွန်​အ​ဖြစ်​နာ​ခံ​လျှင် သင်​တို့​သည် သင်​တို့​နာ​ခံ​သော​သူ​၏​ကျွန်​ဖြစ်​ကြ​ပြီး သေ​ခြင်း​သို့​ရောက်​စေ​သည့် အ​ပြစ်​၏​ကျွန် သို့​မ​ဟုတ် ဖြောင့်​မတ်​ခြင်း​သို့​ရောက်​စေ​သည့် နာ​ခံ​မှု​၏​ကျွန်​ဖြစ်​တတ်​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

17 သင်​တို့​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​ခဲ့​ကြ​သော်​လည်း သင်​တို့​ခံ​ယူ​ရ​ရှိ​သော သွန်​သင်​ချက်​၏​နည်း​ဥ​ပ​ဒေ​သ​ကို စိတ်​နှ​လုံး​နှင့်​တ​ကွ​နာ​ခံ​ကြ​သ​ဖြင့်

18 အ​ပြစ်​၏​လက်​မှ လွတ်​မြောက်​ခွင့်​ရ​ပြီး ဖြောင့်​မတ်​ခြင်း​၏​ကျွန်​ဖြစ်​လာ​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။

19 သင်​တို့​၏​သွေး​သား​ဇာ​တိ​အား​နည်း​သော​ကြောင့် ငါ​သည် လော​ကီ​ဝေါ​ဟာ​ရ​အား​ဖြင့် ပြော​ဆို​၏။ ယ​ခင်​က သင်​တို့​သည် မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ညစ်​ညူး​ခြင်း​နှင့်​တ​ရား​မဲ့​ခြင်း​တို့​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ တ​ရား​မဲ့​ခြင်း​ထဲ​သို့ ရောက်​ခဲ့​ကြ​သည့်​နည်း​တူ ယ​ခု မိ​မိ​တို့​၏​ကိုယ်အင်္ဂါ​များ​ကို ဖြောင့်​မတ်​ခြင်း​၏​ကျွန်​အ​ဖြစ် ဆက်​သ​၍ သန့်​ရှင်း​ခြင်း​သို့​ရောက်​ကြ​လော့။

20 သင်​တို့​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်​မတ်​ခြင်း​နှင့်​ကင်း​ဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။

21 ထို​စဉ်​က ယ​ခု သင်​တို့​ရှက်​ကြောက်​လျက်​ရှိ​သော​အ​ရာ​တို့​မှ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ကို ရ​ရှိ​ခဲ့​ကြ​သ​နည်း။ ထို​အ​ရာ​တို့​၏​ရ​လဒ်​သည် သေ​ခြင်း​ဖြစ်​၏။

22 သို့​သော် ယ​ခု​အ​ခါ သင်​တို့​သည် အ​ပြစ်​၏​လက်​မှ​လွတ်​မြောက်​ခွင့်​ရ​၍ ဘု​ရား​သ​ခင်​၏​ကျွန်​ဖြစ်​လာ​ကြ​ပြီး သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​စေ​သော​အ​ကျိုး​ကျေး​ဇူး​ကို ခံ​စား​ရ​ကြ​၏။ ၎င်း​၏​ရ​လဒ်​မူ​ကား ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

23 အ​ကြောင်း​မှာ အ​ပြစ်​၏​အ​ခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကျေး​ဇူး​မူ​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16