ရော​မ​ဩ​ဝါ​ဒ​စာ 11:1-7 MSB

1 သို့​ဖြစ်​လျှင် ငါ​မေး​လို​သည်​မှာ ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​ကို ပစ်​ပယ်​တော်​မူ​ပြီ​လော။ လုံး​ဝ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​လည်း အစ္စ​ရေး​လူ​မျိုး၊ အာ​ဗြ​ဟံ​မှ​ဆင်း​သက်​လာ​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။

2 ဘု​ရား​သ​ခင်​သည် သိ​ထား​နှင့်​တော်​မူ​သော မိ​မိ​၏​လူ​မျိုး​တော်​ကို ပစ်​ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က အစ္စ​ရေး​လူ​မျိုး​ကို ဘု​ရား​သ​ခင်​ထံ တိုင်​ကြား​သော​အ​ခါ ကျမ်း​စာ​၌ ထို​အ​ကြောင်း​နှင့်​ပတ်​သက်​၍ မည်​သို့​ဆို​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

3 သူ​က “အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ကို​သတ်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ဦး​တည်း​ကျန်​ရစ်​ခဲ့​၍ အ​ကျွန်ုပ်​၏​အ​သက်​ကို​လည်း ရန်​ရှာ​နေ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

4 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ့​ကို မည်​သို့ ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ “ငါ​သည် ဗာ​လ​ရှေ့​၌​ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​ကို ငါ့​အ​တွက်​ချန်​ထား​၏”​ဟု မိန့်​တော်​မူ​၏။

5 ထို​နည်း​တူ ယ​ခု​အ​ချိန်​အ​ခါ​၌​လည်း ကျေး​ဇူး​တော်​အား​ဖြင့် ရွေး​ကောက်​ခံ​ရ​သည့်​ကြွင်း​ကျန်​သော​သူ​ရှိ​သေး​၏။

6 သို့​သော် ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​လျှင် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​တော့​ပေ။ သို့​မ​ဟုတ်​လျှင် ကျေး​ဇူး​တော်​သည် ကျေး​ဇူး​တော်​ဖြစ်​တော့​မည်​မ​ဟုတ်။

7 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ အစ္စ​ရေး​လူ​မျိုး​တို့​သည် မိ​မိ​တို့​ကြိုး​စား​ရှာ​ဖွေ​သော​အ​ရာ​ကို မ​ရ​ရှိ​ကြ။ ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သာ ရ​ရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာ​ကျော​ခက်​ထန်​သော​သ​ဘော​ရှိ​ကြ​၏။