ရော​မ​ဩ​ဝါ​ဒ​စာ 11:12-18 MSB

12 သို့​သော် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​သည် လော​ကီ​သား​တို့​၏​ကြွယ်​ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံး​နိမ့်​ခြင်း​သည် လူ​မျိုး​ခြား​တို့​၏​ကြွယ်​ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်​စုံ​ခြင်း​သည် မည်​မျှ​ပို​၍​များ​သော​အ​ကျိုး​ကို ဖြစ်​စေ​လိမ့်​မည်​နည်း။

13 ထို့​ကြောင့် လူ​မျိုး​ခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူ​မျိုး​ခြား​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​အ​လျောက် ငါ​၏​အ​မှု​တော်​လုပ်​ငန်း​ကို ဂုဏ်​ယူ​လျက်

14 တစ်​နည်း​နည်း​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ကယ်​တင်​နိုင်​ရန် ငါ​မျှော်​လင့်​နေ​၏။

15 အ​ကြောင်း​မူ​ကား သူ​တို့​ပစ်​ပယ်​ခံ​ရ​ခြင်း​သည် လော​ကီ​သား​တို့​အ​တွက် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်​ခံ​ခြင်း​သည် သေ​လွန်​သော​သူ​တို့​အ​သက်​ပြန်​ရှင်​ခြင်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်​လော။

16 အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။

17 သို့​သော် အ​ကိုင်း​အ​ခက်​အ​ချို့​တို့​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​၍ သံ​လွင်​ပင်​အ​ရိုင်း​ဖြစ်​သော​သင်​သည် ထို​အ​ကိုင်း​အ​ခက်​များ​ကြား​၌ ကိုင်း​ဆက်​ကူး​ခံ​ရ​ပြီး သံ​လွင်​ပင်​အ​မြစ်​မှ​အ​ဆီ​အ​နှစ်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​လာ​လျှင်

18 ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။