ရော​မ​ဩ​ဝါ​ဒ​စာ 13:11-14 MSB

11 သင်​တို့​သည် အ​ချိန်​အ​ခါ​ကို​သိ​ကြ​၏။ သင်​တို့​အိပ်​ပျော်​ရာ​မှ နိုး​ထ​ရ​မည့်​အ​ချိန်​နာ​ရီ​ရောက်​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​အ​ခါ ငါ​တို့​၏​ကယ်​တင်​ခြင်း​သည် ငါ​တို့​စ​တင်​ယုံ​ကြည်​ချိန်​က​ထက် ပို​၍​နီး​ကပ်​လာ​ပြီ​ဖြစ်​၏။

12 ည​အ​ချိန်​ကုန်​လု​၍ နေ့​အ​ချိန်​ရောက်​တော့​မည်။ ထို့​ကြောင့် ငါ​တို့​သည် မှောင်​မိုက်​ခြင်း​၏​အ​ကျင့်​များ​ကို ဖယ်​ရှား​လျက် အ​လင်း​၏​လက်​နက်​များ​ကို ဆောင်​ယူ​ဝတ်​ဆင်​ကြ​ကုန်​စို့။

13 အ​ပျော်​ကြူး​ခြင်း​နှင့်​သောက်​စား​မူး​ယစ်​ခြင်း​တို့​၌​လည်း​ကောင်း၊ ကိ​လေ​သာ​ရှုပ်​ထွေး​ခြင်း​နှင့်​ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း​တို့​၌​လည်း​ကောင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း​နှင့်​မ​နာ​လို​ခြင်း​တို့​၌​လည်း​ကောင်း မ​ကျင်​လည်​ကြ​ဘဲ နေ့​အ​ချိန်​၌​လျှောက်​လှမ်း​သ​ကဲ့​သို့ တင့်​တယ်​လျောက်​ပတ်​စွာ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​ကုန်​စို့။

14 သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ကို ဝတ်​ဆင်​ကြ​လော့။ သွေး​သား​ဇာ​တိ​၏​တပ်​မက်​ခြင်း​ကို​ဖြည့်​ဆည်း​ရန် မ​ကြံ​စည်​ကြ​နှင့်။