ရော​မ​ဩ​ဝါ​ဒ​စာ 14:18-23 MSB

18 ထို့​ကြောင့် ဤ​နည်း​ဖြင့် ခ​ရစ်​တော်​ကို​အ​စေ​ခံ​သော​သူ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ နှစ်​သက်​ဖွယ်​ဖြစ်​ပြီး လူ​တို့​ရှေ့​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ​ဖြစ်​၏။

19 သို့​ဖြစ်​၍ ငြိမ်​သက်​ခြင်း​ကို​ဖြစ်​စေ​သော​အ​မှု​အ​ရာ​များ​နှင့် အ​ချင်း​ချင်း​တည်​ဆောက်​မြှင့်​တင်​ပေး​သော​အ​မှု​အ​ရာ​များ​ကို ကြိုး​စား​ပြု​ကြ​ကုန်​စို့။

20 အ​စား​အ​စာ​ကြောင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို မ​ဖျက်​ဆီး​နှင့်။ အ​မှန်​စင်​စစ် အ​ရာ​ခပ်​သိမ်း​တို့​သည် စင်​ကြယ်​၏။ သို့​သော် တစ်​စုံ​တစ်​ဦး​၏​စား​သုံး​ခြင်း​သည် သူ​တစ်​ပါး​အ​တွက်​ခ​လုတ်​တံ​သင်း​ဖြစ်​လျှင် ထို​အ​မှု​အ​ရာ​သည် အ​ပြစ်​ဖြစ်​၏။

21 အ​သား​ကို​မ​စား၊ စ​ပျစ်​ဝိုင်​ကို​မ​သောက်၊ သင့်​ညီ​အစ်​ကို​အား ခ​လုတ်​တိုက်​စေ​သော​အ​ရာ​ကို​လည်း မ​ပြု​ဘဲ​နေ​လျှင် ကောင်း​၏။

22 သင်​သည် မိ​မိ​၌​ရှိ​သော​ယုံ​ကြည်​ခြင်း​ကို ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌​သာ​ရှိ​စေ​လော့။ မှန်​သည်​ဟု​လက်​ခံ​ထား​သော​အ​မှု​အ​ရာ​၌ မိ​မိ​၏​ဩတ္တပ္ပ​စိတ်​ကြည်​လင်​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။

23 သို့​သော် သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​စား​လျှင် ယုံ​ကြည်​ခြင်း​အား​ဖြင့်​မ​ဟုတ်​သော​ကြောင့် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​မ​ဟုတ်​သော အ​မှု​အ​ရာ​အား​လုံး​သည် အ​ပြစ်​ဖြစ်​၏။