ရော​မ​ဩ​ဝါ​ဒ​စာ 14:6-12 MSB

6 နေ့​ရက်​ကို​စောင့်​ထိန်း​သော​သူ​သည် သ​ခင်​ဘု​ရား​အ​တွက်​စောင့်​ထိန်း​၏။ စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​စား​၏။ အ​ကြောင်း​မူ​ကား သူ​သည် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။ မ​စား​သော​သူ​သည်​လည်း သ​ခင်​ဘု​ရား​အ​တွက်​မ​စား​ဘဲ​နေ​၍ ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

7 ငါ​တို့​တွင် ကိုယ့်​အ​တွက်​အ​သက်​ရှင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ့်​အ​တွက်​သေ​သော​သူ​လည်း တစ်​ယောက်​မျှ​မ​ရှိ။

8 အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သက်​ရှင်​လျှင် သ​ခင်​ဘု​ရား​အ​တွက်​အ​သက်​ရှင်​၍ သေ​လျှင် သ​ခင်​ဘု​ရား​အ​တွက်​သေ​၏။ ထို့​ကြောင့် ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​ကြ​၏။

9 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည် သေ​လွန်​သော​သူ​တို့​နှင့်​အ​သက်​ရှင်​သော​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​ရန်​အ​တွက် အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​သက်​ပြန်​ရှင်​တော်​မူ​၏။

10 သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို စီ​ရင်​သ​နည်း။ အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ ငါ​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​၏​တ​ရား​ပလ္လင်​တော်​ရှေ့​၌ ရပ်​ကြ​ရ​လိမ့်​မည်။

11 အ​ကြောင်း​မူ​ကား “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ငါ​သည် အ​သက်​ရှင်​သည်​ဖြစ်​၍ လူ​တိုင်း ငါ့​ရှေ့​၌ ဒူး​ထောက်​လိမ့်​မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။

12 သို့​ဖြစ်​၍ ငါ​တို့​တစ်​ဦး​စီ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိ​မိ​အ​ကြောင်း​ကို မိ​မိ​ဖြေ​ရှင်း​ရ​လိမ့်​မည်။