ရော​မ​ဩ​ဝါ​ဒ​စာ 14:7-13 MSB

7 ငါ​တို့​တွင် ကိုယ့်​အ​တွက်​အ​သက်​ရှင်​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ ကိုယ့်​အ​တွက်​သေ​သော​သူ​လည်း တစ်​ယောက်​မျှ​မ​ရှိ။

8 အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​သက်​ရှင်​လျှင် သ​ခင်​ဘု​ရား​အ​တွက်​အ​သက်​ရှင်​၍ သေ​လျှင် သ​ခင်​ဘု​ရား​အ​တွက်​သေ​၏။ ထို့​ကြောင့် ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​တော်​မူ​ရာ​ဖြစ်​ကြ​၏။

9 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည် သေ​လွန်​သော​သူ​တို့​နှင့်​အ​သက်​ရှင်​သော​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​ရန်​အ​တွက် အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​သက်​ပြန်​ရှင်​တော်​မူ​၏။

10 သို့​ဖြစ်​လျှင် သင်​သည် အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို စီ​ရင်​သ​နည်း။ အ​ဘယ်​ကြောင့် သင့်​ညီ​အစ်​ကို​ကို မ​ထီ​မဲ့​မြင်​ပြု​သ​နည်း။ ငါ​တို့​အား​လုံး​သည် ဘု​ရား​သ​ခင်​၏​တ​ရား​ပလ္လင်​တော်​ရှေ့​၌ ရပ်​ကြ​ရ​လိမ့်​မည်။

11 အ​ကြောင်း​မူ​ကား “ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​မှာ ငါ​သည် အ​သက်​ရှင်​သည်​ဖြစ်​၍ လူ​တိုင်း ငါ့​ရှေ့​၌ ဒူး​ထောက်​လိမ့်​မည်။ လူ​တိုင်း​၏​နှုတ်​သည်​လည်း ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လိမ့်​မည်”​ဟု ကျမ်း​စာ​၌​ရေး​ထား​၏။

12 သို့​ဖြစ်​၍ ငါ​တို့​တစ်​ဦး​စီ​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ မိ​မိ​အ​ကြောင်း​ကို မိ​မိ​ဖြေ​ရှင်း​ရ​လိမ့်​မည်။

13 ထို့​ကြောင့် ငါ​တို့​သည် နောက်​ထပ် အ​ချင်း​ချင်း​မ​စီ​ရင်​ဘဲ​နေ​ကြ​ကုန်​စို့။ ထို​မျှ​မ​က ညီ​အစ်​ကို​အ​တွက် ခ​လုတ်​တံ​သင်း သို့​မ​ဟုတ် မှား​ယွင်း​စေ​သော​အ​ရာ​ကို​မ​ထား​ရန် စီ​ရင်​ကြ​လော့။