1 ကင်ခြေမြို့ရှိအသင်းတော်၏အမှုကိုဆောင်ရွက်သူဖြစ်သော ငါတို့၏နှမ ဖိဗေကို သင်တို့ထံ မိတ်ဆက်အပ်နှံလိုပါ၏။
2 သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။
3 ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
4 သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
5 သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
6 သင်တို့အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။