ရော​မ​ဩ​ဝါ​ဒ​စာ 16:22-27 MSB

22 ဤ​စာ​ကို​ရေး​ပေး​သူ အ​ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​နှုတ်​ဆက်​ပါ​၏။

23 ငါ​မှ​စ​၍ အ​သင်း​တော်​တစ်​ခု​လုံး​ကို​လက်​ခံ​သော​အိမ်​ရှင်​ဂါ​ယု​သည် သင်​တို့​ကို​နှုတ်​ဆက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧ​ရတ္တု​နှင့် ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

24 [ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။ အာ​မင်။]

25-26 ငါ​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​နှင့်​ယေ​ရှု​ခ​ရစ်​တော်​အ​ကြောင်း​ကို ဟော​ပြော​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ရှေး​ကာ​လ​ပတ်​လုံး ဝှက်​ထား​ခြင်း​ခံ​ရ​သော်​လည်း ယ​ခု​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​အ​မိန့်​တော်​အ​တိုင်း ပ​ရော​ဖက်​ကျမ်း​များ​၌​ထင်​ရှား​ပြီး ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​နာ​ခံ​မှု​ရှိ​စေ​ရန် လူ​မျိုး​အ​ပေါင်း​တို့​အား​သိ​စေ​သည့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ကို ဖွင့်​ပြ​ခြင်း​အား​ဖြင့်​လည်း​ကောင်း သင်​တို့​ကို ခိုင်​ခံ့​မြဲ​မြံ​စေ​နိုင်​သော​အ​ရှင်

27 ပ​ညာ​နှင့်​ပြည့်​စုံ​တော်​မူ​သည့် တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​၌ ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ကာ​လ​အ​စဉ်​အ​ဆက် ဘုန်း​အ​သ​ရေ​တော်​ရှိ​ပါ​စေ​သော။ အာ​မင်။