ရော​မ​ဩ​ဝါ​ဒ​စာ 3:1-5 MSB

1 သို့​ဖြစ်​လျှင် ဂျူး​လူ​မျိုး​၌ မည်​သည့်​သာ​လွန်​ထူး​ခြား​မှု​ရှိ​သ​နည်း။ အ​ရေ​ဖျား​လှီး​ခြင်း​၌ မည်​သည့်​အ​ကျိုး​ရှိ​သ​နည်း။

2 အ​ဘက်​ဘက်​၌ အ​ကျိုး​များ​စွာ​ရှိ​၏။ ပ​ထ​မ​ဦး​စွာ သူ​တို့​၌ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​များ​ကို ယုံ​ကြည်​အပ်​နှံ​ထား​တော်​မူ​၏။

3 ထို​သို့​ဆို​လျှင် သူ​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ​ပါ​က မည်​သို့​ဖြစ်​မည်​နည်း။ ဘု​ရား​သ​ခင်​၏​သစ္စာ​တော်​သည် သူ​တို့​၏​မ​ယုံ​ကြည်​မှု​ကြောင့် ပျက်​ပြယ်​သွား​မည်​လော။

4 လုံး​ဝ​မ​ပျက်​ပြယ်​နိုင်​ရာ။ “ကိုယ်​တော်​သည် မိ​မိ​မိန့်​တော်​မူ​သော​စ​ကား​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၍ တ​ရား​ဆိုင်​တော်​မူ​သော​အ​ခါ အောင်​မြင်​မည့်​အ​ကြောင်း​တည်း”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း လူ​ခပ်​သိမ်း​သည် လိမ်​လည်​သော​သူ​ဖြစ်​သော်​လည်း ဘု​ရား​သ​ခင်​သည် ဖြောင့်​မှန်​တော်​မူ​သော​အ​ရှင်​ဖြစ်​ပါ​စေ​သော။

5 သို့​ရာ​တွင် ငါ​တို့​၏​မ​တ​ရား​မှု​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ လူ​သား​တစ်​ဦး​အ​နေ​ဖြင့်​ငါ​ဆို​သော် အ​မျက်​တော်​ကို​သက်​ရောက်​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မ​ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​သ​လော။