27 သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
28 အကြောင်းမူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။
29 သို့မဟုတ် ဘုရားသခင်သည် ဂျူးလူမျိုးတို့၏ဘုရားသာ ဖြစ်တော်မူသလော။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ လူမျိုးခြားတို့၏ဘုရားလည်း ဖြစ်တော်မူ၏။
30 ယုံကြည်ခြင်းအားဖြင့် အရေဖျားလှီးထားသောသူကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ အရေဖျားမလှီးသောသူကိုလည်း ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောဘုရားသခင်သည် အမှန်ပင် တစ်ဆူတည်းဖြစ်တော်မူ၏။
31 သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။