8 “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။
9 သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် သာ၍ကောင်းမြတ်သလော။ လုံးဝမဟုတ်ပေ။ အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိကြောင်း အထက်က ငါတို့ထောက်ပြခဲ့ပြီ။
10 ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။
11 တတ်သိနားလည်သောသူမရှိ၊ ဘုရားသခင်ကိုရှာသောသူမရှိ။
12 လူအပေါင်းတို့သည် လမ်းလွဲကြ၍ တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။
13 သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
14 သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးသောစကားတို့ဖြင့် ပြည့်ဝလျက်ရှိကြ၏။