ရော​မ​ဩ​ဝါ​ဒ​စာ 4:1-5 MSB

1 ထို​သို့​ဖြစ်​လျှင် သွေး​သား​ဇာ​တိ​အား​ဖြင့် ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ ခံ​စား​ရ​ရှိ​သည့်​အ​ရာ​နှင့်​ပတ်​သက်​၍ မည်​သို့​ဆို​ရ​မည်​နည်း။

2 အာ​ဗြ​ဟံ​သည် အ​ကျင့်​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​သည်​မှန်​လျှင် သူ​၌​ဝါ​ကြွား​စ​ရာ​အ​ကြောင်း​ရှိ​၏။ သို့​ရာ​တွင် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ထို​သို့​မ​ဟုတ်​ပေ။

3 ကျမ်း​စာ​က မည်​သို့​ဆို​ထား​သ​နည်း။ “အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သ​ဖြင့် ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟု ဆို​ထား​၏။

4 အ​လုပ်​လုပ်​ဆောင်​သော​သူ​အ​တွက် လုပ်​အား​ခ​သည် ကျေး​ဇူး​ပြု​ခြင်း​အ​ဖြစ်​မ​ဟုတ်​ဘဲ သူ​ရ​သင့်​ရ​ထိုက်​သော​အ​ရာ​အ​ဖြစ် မှတ်​ယူ​ရ​၏။

5 သို့​ရာ​တွင် လုပ်​ဆောင်​မှု​မ​ရှိ​သော်​လည်း ဘု​ရား​တ​ရား​မဲ့​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​အ​ရှင်​ကို ယုံ​ကြည်​သော​သူ​အ​တွက်​မူ​ကား ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။