ရော​မ​ဩ​ဝါ​ဒ​စာ 4:17-23 MSB

17 “ငါ​သည် သင့်​ကို များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း အာ​ဗြ​ဟံ​သည် မိ​မိ​ယုံ​ကြည်​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သေ​လွန်​သော​သူ​တို့​ကို​အ​သက်​ရှင်​စေ​၍ ဖြစ်​တည်​ခြင်း​မ​ရှိ​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ်​လာ​စေ​ရန် အ​မိန့်​ပေး​နိုင်​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​အား​လုံး​၏​ဖ​ခင်​ဖြစ်​၏။

18 သူ​သည် မျှော်​လင့်​စ​ရာ​မ​ရှိ​သော​အ​ခြေ​အ​နေ​၌ မျှော်​လင့်​၍​ယုံ​ကြည်​သ​ဖြင့် “သင်​၏​အ​မျိုး​အ​နွယ်​သည် ဤ​သို့​ဖြစ်​လိမ့်​မည်”​ဟု မိန့်​မှာ​ခြင်း​ခံ​ခဲ့​ရ​သည့်​အ​တိုင်း များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

19 သူ​သည် အ​သက်​တစ်​ရာ​ခန့်​ရှိ​၍ မိ​မိ​ကိုယ်​ခန္ဓာ​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်း​ကောင်း ဆင်​ခြင်​အောက်​မေ့​သော်​လည်း ယုံ​ကြည်​ခြင်း​၌ အား​နည်း​ခြင်း​မ​ရှိ။

20 ဘု​ရား​သ​ခင်​၏​က​တိ​တော်​အ​ပေါ်​၌ ယုံ​မှား​သံ​သ​ယ​မ​ရှိ​ဘဲ ယုံ​ကြည်​ခြင်း​အား​ကြီး​လျက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကာ

21 ဘု​ရား​သ​ခင်​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​ကို ဆောင်​ရွက်​နိုင်​စွမ်း​လည်း​ရှိ​သည်​ဟု အ​ပြည့်​အ​ဝ​ယုံ​ကြည်​လေ​၏။

22 ထို့​ကြောင့် ဤ​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။

23 သို့​သော် “သူ့​ကို​သတ်​မှတ်​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ အာ​ဗြ​ဟံ​တစ်​ဦး​တည်း​အ​တွက်​သာ​မ​ဟုတ်​ဘဲ