ရော​မ​ဩ​ဝါ​ဒ​စာ 4:21-25 MSB

21 ဘု​ရား​သ​ခင်​သည် က​တိ​ပေး​တော်​မူ​သော​အ​ရာ​ကို ဆောင်​ရွက်​နိုင်​စွမ်း​လည်း​ရှိ​သည်​ဟု အ​ပြည့်​အ​ဝ​ယုံ​ကြည်​လေ​၏။

22 ထို့​ကြောင့် ဤ​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။

23 သို့​သော် “သူ့​ကို​သတ်​မှတ်​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည်​မှာ အာ​ဗြ​ဟံ​တစ်​ဦး​တည်း​အ​တွက်​သာ​မ​ဟုတ်​ဘဲ

24 ငါ​တို့​အ​တွက်​ပါ ရေး​ထား​ခြင်း​ဖြစ်​၏။ တစ်​နည်း​ဆို​သော် ငါ​တို့​၏​သ​ခင်​ယေ​ရှု​အား သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​ကို ယုံ​ကြည်​သည့် ငါ​တို့​ကို​လည်း ဖြောင့်​မတ်​သည်​ဟု သတ်​မှတ်​တော်​မူ​လိမ့်​မည်။

25 သ​ခင်​ယေ​ရှု​သည် ငါ​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​အ​တွက် အပ်​နှံ​ခြင်း​ကို​ခံ​ရ​ပြီး ငါ​တို့​ဖြောင့်​မတ်​သည်​ဟု အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​ရန်​အ​တွက် ထ​မြောက်​တော်​မူ​၏။