ရော​မ​ဩ​ဝါ​ဒ​စာ 6:20-23 MSB

20 သင်​တို့​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​ခဲ့​စဉ်​က ဖြောင့်​မတ်​ခြင်း​နှင့်​ကင်း​ဝေး​သော​သူ​များ​ဖြစ်​ခဲ့​ကြ​၏။

21 ထို​စဉ်​က ယ​ခု သင်​တို့​ရှက်​ကြောက်​လျက်​ရှိ​သော​အ​ရာ​တို့​မှ မည်​သည့်​အ​ကျိုး​ကျေး​ဇူး​ကို ရ​ရှိ​ခဲ့​ကြ​သ​နည်း။ ထို​အ​ရာ​တို့​၏​ရ​လဒ်​သည် သေ​ခြင်း​ဖြစ်​၏။

22 သို့​သော် ယ​ခု​အ​ခါ သင်​တို့​သည် အ​ပြစ်​၏​လက်​မှ​လွတ်​မြောက်​ခွင့်​ရ​၍ ဘု​ရား​သ​ခင်​၏​ကျွန်​ဖြစ်​လာ​ကြ​ပြီး သန့်​ရှင်း​ခြင်း​ကို​ရ​ရှိ​စေ​သော​အ​ကျိုး​ကျေး​ဇူး​ကို ခံ​စား​ရ​ကြ​၏။ ၎င်း​၏​ရ​လဒ်​မူ​ကား ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။

23 အ​ကြောင်း​မှာ အ​ပြစ်​၏​အ​ခ​သည် သေ​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကျေး​ဇူး​မူ​ကား ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ဖြစ်​၏။