ရော​မ​ဩ​ဝါ​ဒ​စာ 7:12-18 MSB

12 ထို့​ကြောင့် ပ​ညတ်​တ​ရား​သည် သန့်​ရှင်း​၏။ ပ​ညတ်​တော်​သည်​လည်း သန့်​ရှင်း​ဖြောင့်​မတ်​၍ ကောင်း​မြတ်​၏။

13 သို့​ဖြစ်​လျှင် ဤ​ကောင်း​မြတ်​သော​အ​ရာ​သည် ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သော​အ​ရာ​မှာ အ​ပြစ်​ပင်​ဖြစ်​၍ အ​ပြစ်​သည် အ​ပြစ်​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ဤ​ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။ ဤ​သို့​ဖြင့် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​တိုင်း​ထက်​အ​လွန် အ​ပြစ်​များ​သော​အ​ရာ​ဖြစ်​လာ​၏။

14 ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​ဖြစ်​ပြီး အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ရောင်း​စား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။

15 ငါ​သည် မိ​မိ​ပြု​နေ​သည့်​အ​မှု​ကို​ပင် ကိုယ်​တိုင်​နား​မ​လည်​ပေ။ အ​ဘယ်​ကြောင့်​ဆို​သော် ငါ​သည် ကိုယ်​ပြု​လို​သော​အ​ရာ​ကို မ​ပြု​ဘဲ ကိုယ်​မုန်း​သော​အ​ရာ​ကို ပြု​နေ​၏။

16 ထို​သို့ ငါ​သည် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ပြု​နေ​သည်​ဆို​လျှင် ပ​ညတ်​တ​ရား​ကောင်း​မြတ်​ကြောင်း​ကို ဝန်​ခံ​ခြင်း​ဖြစ်​၏။

17 သို့​ဖြစ်​လျှင် ထို​အ​ရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော အ​ပြစ်​ပင်​ဖြစ်​၏။

18 ငါ့​အ​ထဲ​၌ တစ်​နည်း​အား​ဖြင့် ငါ​၏​သွေး​သား​ဇာ​တိ​ထဲ​၌ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ကိန်း​အောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်​လည်း ၎င်း​ကို ပြု​နိုင်​စွမ်း​မ​ရှိ။