14 ပညတ်တရားသည် ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင် ငါသည် သွေးသားဇာတိ၌ရှိသူဖြစ်ပြီး အပြစ်တရား၏လက်အောက်တွင် ရောင်းစားခြင်းခံရသူဖြစ်၏။
15 ငါသည် မိမိပြုနေသည့်အမှုကိုပင် ကိုယ်တိုင်နားမလည်ပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကိုယ်ပြုလိုသောအရာကို မပြုဘဲ ကိုယ်မုန်းသောအရာကို ပြုနေ၏။
16 ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။
17 သို့ဖြစ်လျှင် ထိုအရာကိုပြုသောသူမှာ ငါမဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသော အပြစ်ပင်ဖြစ်၏။
18 ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။
19 အကြောင်းမူကား ငါသည် ကိုယ်ပြုလိုသည့် ကောင်းသောအမှုကိုမပြုဘဲ မပြုလိုသည့် မကောင်းသောအမှုကို ပြုနေ၏။
20 သို့သော် ကိုယ်မပြုလိုသောအရာကို ငါပြုနေသည်ဆိုလျှင် ၎င်းကို ငါကိုယ်တိုင်ပြုသည်မဟုတ်တော့ဘဲ ငါ့အထဲ၌ကိန်းအောင်းနေသောအပြစ်က ပြုခြင်းဖြစ်၏။