ရော​မ​ဩ​ဝါ​ဒ​စာ 7:8-14 MSB

8 သို့​သော် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​ခွင့်​ရ​ကာ ငါ​၌ တပ်​မက်​ခြင်း​မျိုး​စုံ​ကို ဖြစ်​ပေါ်​စေ​၏။ တစ်​နည်း​ဆို​သော် ပ​ညတ်​တ​ရား​မ​ရှိ​လျှင် အ​ပြစ်​သည် အ​သေ​ဖြစ်​၏။

9 ငါ​သည် တစ်​ချိန်​က ပ​ညတ်​တ​ရား​မ​ပါ​ဘဲ အ​သက်​ရှင်​ခဲ့​၏။ သို့​သော် ပ​ညတ်​တော်​ရောက်​လာ​သော​အ​ခါ အ​ပြစ်​သည် ပြန်​လည်​ရှင်​သန်​လာ​ပြီး ငါ​မူ​ကား သေ​ဆုံး​ခဲ့​သ​ဖြင့်

10 အ​သက်​ရှင်​ခြင်း​သို့​ရောက်​စေ​ရ​မည့် ဤ​ပ​ညတ်​တော်​သည် သေ​ခြင်း​သို့​ရောက်​စေ​သည်​ကို ငါ​တွေ့​၏။

11 အ​ကြောင်း​မူ​ကား အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​ခွင့်​ရ​ကာ ငါ့​ကို​လှည့်​ဖြား​၍ ထို​ပ​ညတ်​တော်​အား​ဖြင့် ငါ့​ကို​သတ်​လေ​၏။

12 ထို့​ကြောင့် ပ​ညတ်​တ​ရား​သည် သန့်​ရှင်း​၏။ ပ​ညတ်​တော်​သည်​လည်း သန့်​ရှင်း​ဖြောင့်​မတ်​၍ ကောင်း​မြတ်​၏။

13 သို့​ဖြစ်​လျှင် ဤ​ကောင်း​မြတ်​သော​အ​ရာ​သည် ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ ငါ့​အ​တွက် သေ​ခြင်း​အ​ကြောင်း​ဖြစ်​သော​အ​ရာ​မှာ အ​ပြစ်​ပင်​ဖြစ်​၍ အ​ပြစ်​သည် အ​ပြစ်​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ဤ​ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ​၌ သေ​ခြင်း​ကို​ဖြစ်​ပေါ်​စေ​၏။ ဤ​သို့​ဖြင့် အ​ပြစ်​သည် ပ​ညတ်​တော်​အား​ဖြင့် အ​တိုင်း​ထက်​အ​လွန် အ​ပြစ်​များ​သော​အ​ရာ​ဖြစ်​လာ​၏။

14 ပ​ညတ်​တ​ရား​သည် ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင် ငါ​သည် သွေး​သား​ဇာ​တိ​၌​ရှိ​သူ​ဖြစ်​ပြီး အ​ပြစ်​တ​ရား​၏​လက်​အောက်​တွင် ရောင်း​စား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။