36 “အကျွန်ုပ်တို့သည် တစ်နေ့လုံး ကိုယ်တော်အတွက် သေခြင်းနှင့်ရင်ဆိုင်နေရကြပါ၏။ အကျွန်ုပ်တို့သည် သတ်ရန်လျာထားသောသိုးများကဲ့သို့ မှတ်ယူခြင်းခံရကြပါ၏”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
37 သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
38 အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်များဖြစ်စေ၊ အုပ်ချုပ်သူများဖြစ်စေ၊ မျက်မှောက်အရာများဖြစ်စေ၊ နောင်လာမည့်အရာများဖြစ်စေ၊ တန်ခိုးများဖြစ်စေ၊
39 အထက်အရာဖြစ်စေ၊ အောက်အရာဖြစ်စေ၊ ဖန်ဆင်းတော်မူသောအခြားမည်သည့်အရာပင်ဖြစ်စေ ငါတို့၏သခင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို မကွဲကွာစေနိုင်ဟု ငါသည် ယုံကြည်စိတ်ချ၏။