ရော​မ​ဩ​ဝါ​ဒ​စာ 9:16-22 MSB

16 ထို့​ကြောင့် ဤ​အ​ရာ​သည် လူ​၏​အ​လို​ဆန္ဒ​အ​ပေါ်​၌​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​မှု​အ​ပေါ်​၌​လည်း​ကောင်း မ​မူ​တည်​ဘဲ က​ရု​ဏာ​ထား​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ပေါ်​၌​သာ မူ​တည်​၏။

17 အ​ကြောင်း​မူ​ကား ကျမ်း​စာ​၌ ဖာ​ရော​ဘု​ရင်​အား “သင့်​ကို ငါ​ချီး​မြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်​ခိုး​ကို​ပြ​သ​၍ ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင် ငါ​၏​နာ​မ​ကို ကျော်​ကြား​စေ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

18 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သ​နား​လို​သော​သူ​ကို သ​နား​တော်​မူ​၍ ခေါင်း​မာ​စေ​လို​သော​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

19 ထို​အ​ခါ သင်​က “သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​သည် လူ​တို့​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ မည်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆန့်​ကျင်​နိုင်​မည်​နည်း”​ဟု ငါ့​အား မေး​မြန်း​လိမ့်​မည်။

20 သို့​သော် အ​ချင်း​လူ၊ သင်​သည် မည်​သူ​ဖြစ်​၍ ဘု​ရား​သ​ခင်​ကို ပြန်​ခံ​ပြော​ဆို​သ​နည်း။ ပုံ​သွင်း​ခံ​ရ​သော​အ​ရာ​သည် ပုံ​သွင်း​ပေး​သော​သူ​အား “အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​ပြု​လုပ်​ခဲ့​သ​နည်း”​ဟု ပြော​ဆို​နိုင်​ပါ​မည်​လော။

21 အိုး​ထိန်း​သည်​သည် ရွှံ့​စေး​တစ်​ပုံ​တည်း​ထဲ​မှ အ​သ​ရေ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း၊ အ​သ​ရေ​မ​ရှိ​သော​အ​ရာ​အ​တွက်​သုံး​ရန် အိုး​ခွက်​ကို​လည်း​ကောင်း လုပ်​ပိုင်​ခွင့်​ရှိ​သည်​မ​ဟုတ်​လော။

22 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​ကို​ပြ​သ​ရန်​နှင့် မိ​မိ​၏​တန်​ခိုး​တော်​ကို​သိ​စေ​ရန် အ​လို​တော်​ရှိ​လျက်​နှင့်​ပင် ဖျက်​ဆီး​ရန်​ပြင်​ဆင်​ထား​သော အ​မျက်​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​ကို အ​လွန်​စိတ်​ရှည်​စွာ​သည်း​ခံ​တော်​မူ​လျှင် မည်​သို့​နည်း။