ရော​မ​ဩ​ဝါ​ဒ​စာ 9:2-8 MSB

2 ငါ​၌​အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​၍ ငါ​၏​စိတ်​နှ​လုံး​ထဲ​တွင် အ​မြဲ​မ​ပြတ်​ပူ​ပန်​ခြင်း​ဝေ​ဒ​နာ​ရှိ​၏။

3 အ​မှန်​စင်​စစ် သွေး​သား​ဇာ​တိ​အား​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​များ​ဖြစ်​ကြ​သော ငါ့​ညီ​အစ်​ကို​တို့​အ​တွက် ငါ​ကိုယ်​တိုင် ခ​ရစ်​တော်​နှင့်​ကွဲ​ကွာ​လျက် ကျိန်​ခြင်း​ကို​ပင် ခံ​လို​သော​ဆန္ဒ​ရှိ​၏။

4 သူ​တို့​သည် အစ္စ​ရေး​အ​မျိုး​သား​များ​ဖြစ်​ကြ​ပြီး သား​သ​မီး​အ​ရာ​ဖြစ်​စေ၊ ဘုန်း​အ​သ​ရေ​ဖြစ်​စေ၊ ပ​ဋိ​ညာဉ်​များ​ဖြစ်​စေ၊ ပ​ညတ်​တ​ရား​ပေး​အပ်​ခြင်း​ဖြစ်​စေ၊ ဝတ်​ပြု​ခြင်း​ဖြစ်​စေ၊ က​တိ​တော်​များ​ဖြစ်​စေ ထို​သူ​တို့​နှင့်​ဆိုင်​၏။

5 ရှေး​ဘိုး​ဘေး​တို့​သည် သူ​တို့​နှင့်​ဆက်​နွှယ်​ကြ​၍ ခ​ရစ်​တော်​သည်​လည်း လူ​သား​အ​နေ​ဖြင့် သူ​တို့​ထဲ​မှ​ပေါ်​ထွန်း​တော်​မူ​၏။ ထို​အ​ရှင်​သည် အ​ရာ​ခပ်​သိမ်း​တို့​အ​ထက်​၌​ရှိ​၍ ကာ​လ​အ​စဉ်​အ​ဆက်​မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ အာ​မင်။

6 မည်​သို့​ပင်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် ပျက်​ပြယ်​သွား​သည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် အစ္စ​ရေး​အ​နွယ်​ဝင်​အား​လုံး​သည် အစ္စ​ရေး​လူ​မျိုး​မ​ဟုတ်။

7 အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​သော​ကြောင့် အား​လုံး​သည် သား​သ​မီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု အ​မိန့်​တော်​ရှိ​၏။

8 ဆို​လို​သည်​ကား သွေး​သား​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ က​တိ​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သာ​လျှင် အ​မျိုး​အ​နွယ်​အ​ဖြစ်​သတ်​မှတ်​ခြင်း​ခံ​ရ​၏။