ရော​မ​ဩ​ဝါ​ဒ​စာ 9:24-30 MSB

24 ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ထို​က​ရု​ဏာ​တော်​ဆိုင်​ရာ​အိုး​ခွက်​များ​အ​ဖြစ် ဂျူး​လူ​မျိုး​တို့​ထဲ​မှ​သာ​မ​က​ဘဲ လူ​မျိုး​ခြား​တို့​ထဲ​မှ​လည်း ခေါ်​ယူ​ထား​တော်​မူ​၏။

25 ဟော​ရှေ​ကျမ်း​၌ “ငါ​၏​လူ​မျိုး​မ​ဟုတ်​သော​သူ​ကို ‘ငါ​၏​လူ​မျိုး’​ဟူ​၍​လည်း​ကောင်း၊ မ​ချစ်​သော​သူ​ကို ‘ချစ်​သော​သူ’​ဟူ​၍​လည်း​ကောင်း ငါ​ခေါ်​မည်။

26 ‘သင်​တို့​သည် ငါ​၏​လူ​မျိုး​မ​ဟုတ်’​ဟု သူ​တို့​အား​မိန့်​ဆို​ထား​သော ထို​အ​ရပ်​၌​ပင် သူ​တို့​သည် ‘အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​များ’​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​၏။

27 ဟေ​ရှာ​ယ​က​လည်း အစ္စ​ရေး​လူ​မျိုး​နှင့်​ပတ်​သက်​၍ “အစ္စ​ရေး​အ​မျိုး​သား​တို့​၏​အ​ရေ​အ​တွက်​သည် ပင်​လယ်​သဲ​ပွင့်​များ​နှင့်​အ​မျှ​ရှိ​သော်​လည်း ကျန်​ရစ်​သော​သူ​မျှ​သာ ကယ်​တင်​ခြင်း​ခံ​ရ​လိမ့်​မည်။

28 အ​ကြောင်း​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် မိန့်​တော်​မူ​သော​အ​ရာ​ကို မြေ​ကြီး​ပေါ်​၌​ပြည့်​စုံ​စေ​၍ မ​ဆိုင်း​မ​တွ ပြု​လုပ်​တော်​မူ​လိမ့်​မည်”​ဟု ကြွေး​ကြော်​၏။

29 ထို့​ပြင် ဟေ​ရှာ​ယ​က “ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​တွက် အ​မျိုး​အ​နွယ်​ကို​ချန်​ထား​တော်​မ​မူ​လျှင် ငါ​တို့​သည် သော​ဒုံ​မြို့​ကဲ့​သို့​ဖြစ်​ခဲ့​၍ ဂေါ​မော​ရ​မြို့​နှင့်​တူ​ခဲ့​ကြ​ပေ​လိမ့်​မည်”​ဟု ကြို​တင်​ပြော​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

30 သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ရန် မ​ကြိုး​စား​သော​လူ​မျိုး​ခြား​တို့​သည် ဖြောင့်​မတ်​ခြင်း​ကို​ခံ​ယူ​ရ​ရှိ​ကြ​၏။ တစ်​နည်း​ဆို​သော် ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော ဖြောင့်​မတ်​ခြင်း​ဖြစ်​၏။