ရော​မ​ဩ​ဝါ​ဒ​စာ 9:5-11 MSB

5 ရှေး​ဘိုး​ဘေး​တို့​သည် သူ​တို့​နှင့်​ဆက်​နွှယ်​ကြ​၍ ခ​ရစ်​တော်​သည်​လည်း လူ​သား​အ​နေ​ဖြင့် သူ​တို့​ထဲ​မှ​ပေါ်​ထွန်း​တော်​မူ​၏။ ထို​အ​ရှင်​သည် အ​ရာ​ခပ်​သိမ်း​တို့​အ​ထက်​၌​ရှိ​၍ ကာ​လ​အ​စဉ်​အ​ဆက်​မင်္ဂ​လာ​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။ အာ​မင်။

6 မည်​သို့​ပင်​ဖြစ်​စေ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် ပျက်​ပြယ်​သွား​သည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် အစ္စ​ရေး​အ​နွယ်​ဝင်​အား​လုံး​သည် အစ္စ​ရေး​လူ​မျိုး​မ​ဟုတ်။

7 အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​သော​ကြောင့် အား​လုံး​သည် သား​သ​မီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု အ​မိန့်​တော်​ရှိ​၏။

8 ဆို​လို​သည်​ကား သွေး​သား​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ က​တိ​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သာ​လျှင် အ​မျိုး​အ​နွယ်​အ​ဖြစ်​သတ်​မှတ်​ခြင်း​ခံ​ရ​၏။

9 အ​ဘယ်​ကြောင့်​ဆို​သော် က​တိ​တော်​စ​ကား​မှာ “ဤ​သို့​သော​အ​ချိန်​အ​ခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာ​ရာ​သည်​လည်း သား​တစ်​ဦး​ကို​ရ​ရှိ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

10 ထို​မျှ​မ​က ရေ​ဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုး​ဘေး​ဣ​ဇက်​တစ်​ဦး​တည်း​နှင့်​ပင်​စုံ​ဖက်​၍ ကိုယ်​ဝန်​ရ​ရှိ​သော​အ​ခါ

11 သား​တို့​မ​မွေး​ဖွား​မီ၊ ထို​သား​တို့​သည် အ​ကောင်း​အ​ဆိုး​ကို​မ​ပြု​ကျင့်​မီ​က​ပင် ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​ခြင်း​နှင့်​ဆိုင်​သော အ​ကြံ​အ​စည်​တော်​သည် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခေါ်​ယူ​တော်​မူ​သော​သူ​အား​ဖြင့် တည်​စေ​ရန်