ရော​မ​ဩ​ဝါ​ဒ​စာ 9:9-15 MSB

9 အ​ဘယ်​ကြောင့်​ဆို​သော် က​တိ​တော်​စ​ကား​မှာ “ဤ​သို့​သော​အ​ချိန်​အ​ခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာ​ရာ​သည်​လည်း သား​တစ်​ဦး​ကို​ရ​ရှိ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

10 ထို​မျှ​မ​က ရေ​ဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုး​ဘေး​ဣ​ဇက်​တစ်​ဦး​တည်း​နှင့်​ပင်​စုံ​ဖက်​၍ ကိုယ်​ဝန်​ရ​ရှိ​သော​အ​ခါ

11 သား​တို့​မ​မွေး​ဖွား​မီ၊ ထို​သား​တို့​သည် အ​ကောင်း​အ​ဆိုး​ကို​မ​ပြု​ကျင့်​မီ​က​ပင် ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​ခြင်း​နှင့်​ဆိုင်​သော အ​ကြံ​အ​စည်​တော်​သည် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခေါ်​ယူ​တော်​မူ​သော​သူ​အား​ဖြင့် တည်​စေ​ရန်

12 “အ​ကြီး​သည် အ​ငယ်​ကို အ​စေ​ခံ​ရ​လိမ့်​မည်”​ဟု ရေ​ဗက္ကာ​အား မိန့်​တော်​မူ​၏။

13 “ယာ​ကုပ်​ကို ငါ​ချစ်​၏။ ဧ​သော​ကို​မူ​ကား ငါ​မုန်း​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

14 သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​၌ မ​တ​ရား​မှု​ရှိ​သ​လော။ လုံး​ဝ​မ​ရှိ​ပေ။

15 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မော​ရှေ​အား “ငါ​သည် သ​နား​လို​သော​သူ​ကို​သ​နား​၍ သက်​ညှာ​လို​သော​သူ​ကို သက်​ညှာ​မည်”​ဟု မိန့်​တော်​မူ​၏။