ရော​မ​ဩ​ဝါ​ဒ​စာ 10:1-4 MSB

1 ညီ​အစ်​ကို​တို့၊ ငါ့​စိတ်​နှ​လုံး​၏​လို​အင်​ဆန္ဒ​နှင့် အစ္စ​ရေး​လူ​မျိုး​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ ငါ​ဆု​တောင်း​သော​အ​ရာ​မှာ သူ​တို့​ကယ်​တင်​ခြင်း​ရ​ရှိ​ရန်​ဖြစ်​၏။

2 သူ​တို့​သည် ဘု​ရား​သ​ခင်​အ​တွက် ထက်​သန်​သော​စိတ်​ရှိ​ကြောင်း ငါ​သက်​သေ​ခံ​၏။ သို့​သော် ထို​ထက်​သန်​သော​စိတ်​သည် စစ်​မှန်​သော​အ​သိ​ပ​ညာ​အား​ဖြင့်​မ​ဟုတ်။

3 အ​ကြောင်း​မှာ သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို​မ​သိ​ဘဲ မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​တည်​စေ​ရန် ရှာ​ကြံ​လျက် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ကို မ​နာ​ခံ​သော​ကြောင့်​ဖြစ်​၏။

4 ခ​ရစ်​တော်​သည် ယုံ​ကြည်​သော​သူ​တိုင်း ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ရန် ပ​ညတ်​တ​ရား​၏​အ​ဆုံး​သတ်​ရာ​ဖြစ်​တော်​မူ​၏။