1 သို့ဖြစ်လျှင် ငါမေးလိုသည်မှာ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မူပြီလော။ လုံးဝပစ်ပယ်တော်မမူ။ ငါကိုယ်တိုင်လည်း အစ္စရေးလူမျိုး၊ အာဗြဟံမှဆင်းသက်လာသူ၊ ဗင်္ယာမိန်အနွယ်ဝင်ဖြစ်၏။
2 ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
3 သူက “အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ပရောဖက်များကိုသတ်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းကျန်ရစ်ခဲ့၍ အကျွန်ုပ်၏အသက်ကိုလည်း ရန်ရှာနေကြပါ၏”ဟု လျှောက်လေ၏။
4 သို့ရာတွင် ဘုရားသခင်သည် သူ့ကို မည်သို့ ပြန်၍မိန့်တော်မူသနည်း။ “ငါသည် ဗာလရှေ့၌ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက်ချန်ထား၏”ဟု မိန့်တော်မူ၏။
5 ထိုနည်းတူ ယခုအချိန်အခါ၌လည်း ကျေးဇူးတော်အားဖြင့် ရွေးကောက်ခံရသည့်ကြွင်းကျန်သောသူရှိသေး၏။