ရော​မ​ဩ​ဝါ​ဒ​စာ 11:10-16 MSB

10 သူ​တို့​၏​မျက်​စိ​သည် မ​မြင်​နိုင်​အောင်​ကွယ်​ပါ​စေ။ သူ​တို့​၏​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ”​ဟု ဆို​ထား​၏။

11 သို့​ဖြစ်​လျှင် သူ​တို့​ခ​လုတ်​တိုက်​ကြ​သည်​မှာ သူ​တို့​လဲ​ကျ​စေ​ရန်​လော​ဟု ငါ​မေး​၏။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​မှန်​အား​ဖြင့် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​ကြောင့် လူ​မျိုး​ခြား​တို့​ထံ ကယ်​တင်​ခြင်း​ကျေး​ဇူး​သက်​ရောက်​၍ ဤ​အ​မှု​အား​ဖြင့် အစ္စ​ရေး​လူ​မျိုး​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​ရန်​ဖြစ်​၏။

12 သို့​သော် သူ​တို့​ကျူး​လွန်​သော​အ​ပြစ်​သည် လော​ကီ​သား​တို့​၏​ကြွယ်​ဝ​မှု​ဖြစ်​ခဲ့​ပြီး သူ​တို့​၏​ရှုံး​နိမ့်​ခြင်း​သည် လူ​မျိုး​ခြား​တို့​၏​ကြွယ်​ဝ​ခြင်း​ဖြစ်​ခဲ့​လျှင် သူ​တို့​၏​ပြည့်​စုံ​ခြင်း​သည် မည်​မျှ​ပို​၍​များ​သော​အ​ကျိုး​ကို ဖြစ်​စေ​လိမ့်​မည်​နည်း။

13 ထို့​ကြောင့် လူ​မျိုး​ခြား​ဖြစ်​သော​သင်​တို့​အား ငါ​ပြော​လို​သည်​မှာ ငါ​သည် လူ​မျိုး​ခြား​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​အ​လျောက် ငါ​၏​အ​မှု​တော်​လုပ်​ငန်း​ကို ဂုဏ်​ယူ​လျက်

14 တစ်​နည်း​နည်း​ဖြင့် ငါ​၏​အ​မျိုး​သား​ချင်း​တို့​၌ မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​၍ သူ​တို့​ထဲ​မှ အ​ချို့​တို့​ကို​ကယ်​တင်​နိုင်​ရန် ငါ​မျှော်​လင့်​နေ​၏။

15 အ​ကြောင်း​မူ​ကား သူ​တို့​ပစ်​ပယ်​ခံ​ရ​ခြင်း​သည် လော​ကီ​သား​တို့​အ​တွက် ပြန်​လည်​သင့်​မြတ်​ခြင်း​အ​ခွင့်​ဖြစ်​လျှင် သူ​တို့​ကို ပြန်​၍​လက်​ခံ​ခြင်း​သည် သေ​လွန်​သော​သူ​တို့​အ​သက်​ပြန်​ရှင်​ခြင်း​ဖြစ်​လိမ့်​မည်​မ​ဟုတ်​လော။

16 အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။